ဘာဘေးဒိုးစ်ကထွက်လာတဲ့ နေမာရဲ့ရဟတ်ယာဥ် ဘရာဇီးမှာ အရေးပေါ်ဆင်းသက်ခဲ့ရ

ပီအက်စ်ဂျီနဲ့ဘရာဇီး ကြယ်ပွင့် နေမာရဲ့ ရဟတ်ယာဥ်ဟာ ဘာဘေးဒိုးစ်က ထွက်ခွာခဲ့ပြီးနောက် အရေးပေါ်ပြန်လည် ဆင်းသက်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီဖြစ်ရပ်ဟာ အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့တာပါ။

Neymar's jet 'forced to declare emergency after leaving Barbados' as PSG  star and sister head back to Brazil - Planet Concerns

အသက် (၃၀) အရွယ်နေမာဟာ နွေရာသီအားလပ်ရက်အဖြစ် အနားယူနေပြီး ကိုယ်ပိုင်ရဟတ်ယာဥ်နဲ့ ခရီးသွားလာနေတာပါ။ ခရီးသည် (၈) ဦး တင်ဆောင်နိုင်ပြီး တနာရီ ကီလိုမီတာ (၈၅၀) အထိ သွားလာနိုင်တဲ့ ဒီရဟတ်ယာဥ်ဟာ ယူရို (၁၂) သန်း တန်ကြေးရှိပါတယ်။

Neymar's private jet 'is forced into an emergency landing en route to his  homeland from Barbados' | Daily Mail Online

အဆိုပါရဟတ်ယာဥ်ဟာ ဘာဘေးဒိုးစ်က ထွက်ခွာလာပြီး မကြာခင်မှာတင် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းဒေသကို အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ ဒီရဟတ်ယာဥ်ပေါ်မှာ နေမာလိုက်ပါခြင်းရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

Neymar's private jet 'is forced into an emergency landing en route to his  homeland from Barbados'| All Football - Goal Ball

လက်ရှိအချိန်မှာ နေမာက နွေရာသီအားလပ်ရက်အဖြစ် အမဖြစ်သူ ရာဖယ်လာ၊ ချစ်သူ ဘီယန်ကာဒီတို့နဲ့အတူ မိုင်ယာမီမှာ အပန်းဖြေအနားယူနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့်လည်း အခု အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဥ်ပေါ်မှာ နေမာတို့ ဘရာဇီးကိုပြန်ဖို့ လိုက်ပါလာနိုင်တယ်လို့ ယူဆရပါတယ်။

GALERIE FOTO: Avionul privat al lui Neymar a aterizat de urgență în  Brazilia. Cine s-ar fi aflat în aeronavă

ဒီရက်သတ္တပတ်အတွင်းမှာတင် ရော်နယ်ဒိုရဲ့ ပေါင် (၁.၈) သန်းတန် ဘူဂါတ်တီကားကြီးဟာ စပိန်နိုင်ငံမှာ သူများရဲ့အိမ်ဝင်ပေါက်ကို ဝင်တိုက်မိခဲ့ပါသေးတယ်။ ဒီကားကို မောင်းနှင်တဲ့သူဟာ ရော်နယ်ဒိုရဲ့ ဝန်ထမ်းတယောက်ဖြစ်ပြီး လူထိခိုက်မှုမရှိပေမယ့် ကားရှေ့ပိုင်းကတော့ ကြီးကြီးမားမား ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။