မြောက်အိုင်ယာလန်ကလပ်ကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာ

ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်တဲ့ ကာတာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမစခင်လပိုင်းအလိုမှာပဲ အရှက်ရဖွယ်ရှုံးပွဲတစ်ပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၅၁ မှာ ရပ်တည်နေတဲ့ ကာတာအသင်းဟာ မာဘယ်လာမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြောက်အိုင်ယာလန်ချန်ပီယံ လင်ဖီးလ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

ပထမပိုင်းမှာသွင်းခဲ့တဲ့ဂိုးနဲ့ လင်ဖီးလ်အသင်း နိုင်ပွဲရယူဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ဆလိုဗေးနီးယား ဂိုးမရှိသရေကျခဲ့တဲ့ပွဲကပွဲထွက်လူစာရင်းပါ ကစားသမား ၇ ဦးနဲ့ အတူ အဓိကကစားသမားတွေပါဝင်ခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ကာတာအတွက်တော့ အရှက်ရဖွယ်ရှုံးပွဲကြုံတွေ့ခဲ့တာလို့ ဆိုထားပါတယ်။

ကာတာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီကွေဒေါ၊နယ်သာလန်၊ ဆီနီဂေါ တို့နဲ့ တစ်အုပ်စုတည်းကျခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် အီကွေဒေါအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ကာတာနဲ့ ခြေစမ်းပွဲဟာ လင်ဖီးလ်အတွက် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် နယူးစိန့်နဲ့ မကစားခင်ပြင်ဆင်မှုဖြစ်ပါတယ်။

လင်ဖီးလ်အသင်းဟာ နယူးစိန့်စ်အသင်းနဲ့ ခြေစစ်ပွဲအဖြစ် ဇူလိုင် ၅ ရက်နဲ့ ၁၃ ရက်မှာ နှစ်ကျော့ကစားရမှာပါ။အဲ့ဒါကြောင့် လင်ဖီးလ်အတွက်တော့ ဒီပွဲမတိုင်ခင် ရလဒ်ကောင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကာတာအတွက်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အသင်းအတွက်လိုအပ်တဲ့ အချက်တွေကို ပြင်ဆင်နိုင်ဖို့ သက်သေပြသခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။