ဒါဘီကစားသမားတောင် မလာဘူးဆိုပြီး ငြင်းခံလိုက်ရတဲ့ ယူနိုက်တက်

အဲရစ်တန်ဟတ်ရဲ့မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့အစီအစဉ်နောက်‌ဆုံးထိုးနှက်ချက်အဖြစ် ဒါဘီကြယ်ပွင့် အီဘီယိုဝီရဲ့ငြင်းပယ်ခြင်းကို ခံလိုက်ရပါတယ်။

နည်းပြအဲရစ်တန်ဟတ်အတွက်တော့ ယူနိုက်တက်နည်းပြဘဝ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတွေရဲ့ငြင်းပယ်ခြင်းကို ခံနေရတဲ့အတွက် လွယ်ကူခြင်းမရှိတာကို တွေ့နေရတာဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့ ကမ်းလှမ်းရမှာလည်း အဆင်မပြေသေးတဲ့အပြင် ဒါဝင်နူနက်စ်ကလည်း လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အခုလည်း ၁၈ နှစ်အရွယ်ရှိကစားသမားက ငြင်းခဲ့တာပါ။

ယူနိုက်တက်ကစားသမားဟောင်း ဝိန်းရွန်နီရဲ့ဒါဘီအသင်းမှာ ကစားခဲ့တဲ့ အီဘီယိုဝီက မန်ချက်စတာကလပ်ကို ငြင်းပယ်ပြီး ပဲလေ့စ်ကို ပြောင်းဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဖာဘရီဇီယိုရိုမန်နို က “အီဘိုယီဝီက ယူနိုက်တက်ကို ပြောင်းမှာမဟုတ်ပါဘူး”

“ဒီတစ်ပတ်မှာ ဆေးစစ်မှုတွေပြီးမြောက်ခဲ့လို့ ပဲလေ့စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေပါပြီ။အီဘိုယီဝီဟာ ဒါဘီကနေ ထွက်ခွာပြီး ပဲလေ့စ်နဲ့ ၂၀၂၇ အထိ စာချုပ်ချုပ်မယ်”လို့ ရေးသားထားပါတယ်။

အီဘိုယီဝီဟာ ပြီးခဲ့တဲ့ရာသီက ဒါဘီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာပါ။သူဟာ အခုနှစ်ဖေဖော်ဝါရီကမှ ဒါဘီအတွက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်အသင်းဟာ ချန်ပီယံရှစ်ကစားသမားတွေဖြစ်တဲ့ အိုလီဆီနဲ့ အီဇီတို့ကို ခေါ်ယူကာ သူတို့ကို ပွဲထွက်ခွင့်ပေးကာ သူတို့ရဲ့ခြေစွမ်းတွေကို အကောင်းဆုံးအသုံးချနေခဲ့တာပါ။ယူနိုက်တက်ကတော့ အခုအချိန်ထိ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။