ဘေးလ်ရဲ့အပြောင်းအရွှေ့အတွက် ကာဒစ်ဖ်နဲ့ ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေ

ကာဒစ်ဖ်အသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဝေးလ်စ်အသင်းခေါင်းဆောင်ဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းက‌နေ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ကစားသမားရဲ့ကိုယ်စားလှယ်တွေဟာ ကာဒစ်ဖ်ဥက္ကဌနဲ့ ဆွေးနွေးခဲ့တယ်လို့ အတည်ပြုခဲ့တာပါ။

ဒါပေမယ့် သဘောတူညီမှုတော့ မရသေးပါဘူး။‌ကိုယ်စားလှယ်တွေကတော့ အခြားအသင်းတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်ရရှိထားတဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ မေဂျာလိဂ်ကလပ်တွေကလည်း ချိတ်ဆက်နေတာဖြစ်ပြီး စပါးအသင်းကိုလည်း ပြန်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေခဲ့တာဖြစ်ပါတယ်။

ကာဒစ်ဖ်အသင်းဟာ ချန်ပီယံရှစ်ကလပ်ဖြစ်ပေမယ့် ဂါရတ်ဘေးလ်အတွက်တော့ လက်တွေ့ကျတဲ့ ရွေးချယ်မှုဖြစ်လာနိုင်တာပါ။ဂါရတ်ဘေးလ်ဟာ ကာဒစ်ဖ်မှာ မွေးဖွားကြီးပြင်းလာခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆၄ နှစ်အကြာမှ ပထမဆုံးကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရအောင် ဝေးလ်စ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ရီးရယ်လ်အသင်းမှာ ဂါရတ်ဘေးလ်ရခဲ့တဲ့လုပ်ခလစာဟာ တစ်ပတ်ပေါင် ၆ သိန်းဖြစ်ပြီး ဒါဟာ ကာဒစ်ဖ်ပထမတစ်သင်းလုံးရဲ့လစာထက်တောင်များပြားနေခဲ့တာပါ။

ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲပြင်ဆင်နိုင်ဖို့ အတွက် ကလပ်အသင်းရွေးချယ်ရာမှာ ငွေကြေးကအဓိကမဟုတ်ဘူးလို့ ကစားသမားရဲ့နီးစပ်သူက ပြောခဲ့ကြောင်း သိရပါတယ်။