လာမယ့်ရာသီသစ်မှာ မက်ဆီရဲ့ထာဝရအကောင်းဆုံးပုံစံကို မြင်တွေ့ရမယ်လို့ အသင်းပိုင်ရှင်အာမခံ

ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီက လာမယ့်ရာသီသစ်မှာ မက်ဆီနဲ့ပတ်သက်လို့ ထာဝရအကောင်းဆုံးပုံစံကို ပရိသတ်တွေ မြင်တွေ့ခွင့်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ခက်ခဲရုန်းကန်ခဲ့ရတာပါ။

Messi signing does not break Financial Fair Play rules, insists PSG  president Al-Khelaifi | Sporting News Canada

ဒီကစားသမားဟာ ပြင်သစ်လီဂူးမှာတင် ဂိုးရဖို့ အတော်လေး ရုန်းကန်ခဲ့ရပြီး ဒါဟာ လိဂ်ကစားဟန်နဲ့ အံမဝင်ခြင်း၊ နည်းပြ ပိုချက်တီနိုရဲ့ နည်းစနစ်နဲ့ အံမဝင်ခြင်းတို့ကြောင့်လို့ အမျိုးမျိုးဝိဝါဒ ကွဲပြားနေပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ နှစ်နှစ် စာချုပ်ဆိုထားပါတယ်။

Lionel Messi Signs 2-Year-Deal | PSG President Nasser al-Khelaifi Welcomes  Lionel Messi | PSG Team News | Messi Press Conference | PSG News

ပြီးခဲ့တဲ့ရာသီမှာ မက်ဆီရုန်းကန်ခဲ့ရပေမယ့် လာမယ့်ရာသီမှာ မက်ဆီရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရမယ့်အကြောင်းကို ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီက အခုလိုပဲ ပြောပါတယ်။ အယ်လ်ခီလိုင်ဖီက “မက်ဆီက ဘလွန်းဒီအော်ဆုကို စံချိန်တင် (၇) ကြိမ် ရရှိထားပြီး ဒီအပေါ်မှာ သံသယဝင်စရာမရှိပါဘူး”

Al Khelaifi threatens Messi and Neymar - Kiratas

“ပြီးခဲ့တဲ့ရာသီက သူ့အတွက် အကောင်းဆုံးရာသီတခု မဟုတ်ခဲ့ပါဘူး။ ဘာစီလိုနာမှာ နှစ်ပေါင်း (၂၀) ကျော်ဖြတ်သန်းခဲ့တဲ့နောက် သူက နိုင်ငံအသစ်၊ မြို့အသစ်၊ လိဂ်အသစ်၊ အသင်းသစ်၊ ယဥ်ကျေးမှုအသစ်မှာရှိနေပါပြီ”

Lionel Messi is 'living hell' at PSG and wants to return to Barcelona this  summer - Reports

“ဒါ့အပြင် သူ့မိသားစုရော၊ သူရောက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက မက်ဆီအတွက် မလွယ်ကူပါဘူး။ ဒါပေမယ့် လာမယ့်ရာသီမှာတော့ မက်ဆီရဲ့ ထာဝရအကောင်းဆုံးပုံစံကို ကျနော်တို့မြင်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။