လီဗာပူးလိုလူခေါ်ကျွမ်းဖို့ လီဗာပူးက အားကစားဒါရိုက်တာဟောင်းကို ယူနိုက်တက်နဲ့ချဲလ်ဆီး အပြိုင်လိုက်နေ

ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ဟာ လီဗာပူးရဲ့ အားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဝက်ဒ်စ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီကစားသမားဟာ ဗန်ဒိုက်ချ်၊ ဆာလာ၊ မာနေးတို့ကို ခေါ်ယူတဲ့နေရာမှာ အဓိကကြိုးကိုင်ခဲ့သူပါ။

Some Early Names for DOF - by Si Phillips

အက်ဝက်ဒ်စ်ဟာ လီဗာပူးမှာ (၁၁) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ကလော့ပ်ကိုယ်တိုင်ကပါ သူ့ကို လေးစားချီးကျူးခဲ့ရပါတယ်။ အဲ့ဒါကြောင့် ဥရောပထိပ်တန်းအသင်းတွေက အက်ဝက်ဒ်စ်ကို စိတ်ဝင်စားနေပြီး ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ခေါ်ယူလိုနေတာပါ။

Chelsea consider Michael Edwards for full-time Sporting Director position

လက်ရှိ ယူနိုက်တက်ရဲ့ ကစားသမားသစ်ခေါ်ယူရေးကို ဘောလုံးဒါရိုက်တာ ဂျွန်မာတာ့ဖ်က တာဝန်ယူထားပါတယ်။ ဒါ့အပြင် ကင်းထောက်ချုပ်တွေဖြစ်တဲ့ လောလာ၊ မာကယ်ဘို့တ်၊ အပြောင်းအရွှေ့ညှိနှိုင်းရေး အရာရှိချုပ် မတ်ဂျက်ချ်တို့လည်း အသင်းကနေ ထွက်ခွာသွားခဲ့ပါပြီ။

ယူနိုက်တက်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် မခေါ်ယူနိုင်သေးဘဲ အခက်တွေ့နေတဲ့ အသင်းပါ။ အဲ့ဒါကြောင့် အက်ဝက်ဒ်စ်ကို စိတ်ဝင်စားလာတာဖြစ်ပြီး ဘရန့်ဖို့ဒ်ဒါရိုက်တာ လီဒိုက်စ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Transfer guru Michael Edwards is set to leave Liverpool - Liverpool FC -  This Is Anfield

ဒါ့အပြင် ယူနိုက်တက်ဟာ မစ်ဒယ်ဘရော့ရဲ့ ဘောလုံးအကြီးအကဲ ကီရန်စကော့တ်ကိုလည်း စောင့်ကြည့်နေပါသေးတယ်။ ချဲလ်ဆီးကလည်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက်မှာ အသင်းကို ပြန်လည်တည်ဆောက်နေတာပါ။

Manchester United and Chelsea BOTH want to hire former Liverpool transfer  guru Michael Edwards | Daily Mail Online

အသင်းရဲ့ အပြောင်းအရွှေ့တွေကို ကာလရှည်ကြီးစိုးခဲ့တဲ့ ဒါရိုက်တာ မာရီနာက အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တာကြောင့်လည်း ချဲလ်ဆီးတို့ အက်ဝက်ဒ်စ်ကို အခုလိုပဲ စိတ်ဝင်စားနေတာဖြစ်ပါတယ်။