ပီအက်စ်ဂျီကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ နေမာနဲ့အမ်ဘာပေတို့အကြား ဆက်ဆံရေးက အရင်လို နီးနီးကပ်ကပ်မရှိတော့ဘဲ အေးခဲနေပြီလို့ ပြင်သစ်အခြေစိုက်သတင်းစာတစောင်ကဆိုပါတယ်။ အမ်ဘာပေ အသင်းနဲ့ စာချုပ်သစ်ချုပ်ပြီးနောက်မှာ ဒီလိုမျိုးဖြစ်သွားခဲ့ဟန်ရှိတယ်လို့ ယူဆရပါတယ်။

အမ်ဘာပေဟာ အသင်းမှာ နည်းပြ၊ ဒါရိုက်တာတို့ထက် လုပ်ပိုင်ခွင့်ပိုမိုရရှိထားပြီး ကစားသမားတွေရဲ့အနာဂတ်ကိုလည်း ဆုံးဖြတ်ပေးနိုင်စွမ်းရှိနေပါတယ်။ အမ်ဘာပေ အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပြီးနောက် နေမာကို အသင်းကနေ ထွက်ခွာခိုင်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။
အမ်ဘာပေနဲ့နေမာတို့ဟာ မကျေလည်မှုအချို့ရှိခဲ့ဖူးပေမယ့် ကွင်းတွင်းမှာ ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ထားကြပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒါတွေအားလုံးက ပျက်သုဥ်းသွားခဲ့ဟန်ရှိပါတယ်။

ပီအက်စ်ဂျီတာဝန်ရှိသူတွေက နေမာကို ရောင်းချဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂) သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် အခုချိန်မှာ ယူရိုသန်း (၁၀၀) မရရင်တောင် ရောင်းချတော့မှာပါ။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို သုံးနှစ်စာချုပ်သက်တမ်းတိုးတဲ့အတွက် ပေါင်သန်း (၂၅၀) ပေးချေရမှာဖြစ်ပါတယ်။ ဒီပမာဏကို ပေးချေနိုင်ဖို့အတွက်ဆိုရင် လုပ်ခလစာ မြင့်မြင့်မားမား ပေးချေနေရတဲ့ နေမာကို ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။
:focal(1334x464:1336x462)/origin-imgresizer.eurosport.com/2022/05/26/3380385-69087968-2560-1440.jpg)
ဒါ့အပြင် အမ်ဘာပေက နေမာကို ရောင်းထုတ်စေလိုတဲ့ ဆန္ဒရှိနေပြီး နှစ်ယောက်အကြား ဆက်ဆံရေးက တဖြည်းဖြည်း အေးခဲလာခဲ့တာဖြစ်ပါတယ်။ နေမာကတော့ သူ့ရဲ့လုပ်ခလစာကို အခြားအသင်းတသင်းက ပေးချေနိုင်ဖို့ ခက်ခဲတာကြောင့် အသင်းမှာပဲဆက်နေဖို့ ဆန္ဒရှိနေပါတယ်။