သူ လီဗာပူးကထွက်လို့ ကလော့ပ်ဝမ်းနည်းသွားတယ်လို့ မာနေး ဖွင့်ဟပြောကြား

လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ မာနေးဟာ သူ လီဗာပူးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လီဗာပူးနည်းပြ ကလော့ပ် နည်းနည်းလေး ဝမ်းနည်းခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ မနေ့ကပဲ မာနေးဟာ ဘိုင်ယန်မြူးနစ်ရဲ့ တရားဝင်ကစားသမားဖြစ်လာခဲ့ပါပြီ။

One of Liverpool's greatest': Mané hailed by Klopp after Bayern move |  Transfer window | The Guardian

မာနေးဟာ ကလော့ပ် အားကိုးရတဲ့ ကစားသမားကောင်းဖြစ်ခဲ့ပေမယ့် လစာငွေကိစ္စအပါအဝင် သူ့ရဲ့ ကစားသမားဘဝ တက်လမ်းအတွက် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ဟာ မာနေးအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို (၃၂) သန်း ပေးချေခဲ့ရပါတယ်။

Liverpool FC — Jürgen Klopp: Sadio made it all possible - he's a modern-day  LFC icon

အပိုဆုကြေးတွေပါဝင်ရင်တော့ မာနေးအတွက် ဘိုင်ယန်မြူးနစ်တို့ ယူရို (၄၂) သန်းအထိ ကုန်ကျမှာပါ။ ဒီလိုမျိုး လီဗာပူးက ထွက်ခဲ့တဲ့နောက် ကလော့ပ် သူ့ကြောင့် ဝမ်းနည်းခဲ့ရတဲ့အကြောင်းကို မာနေးက အခုလိုပဲ ပြောပါတယ်။

Jurgen Klopp pays tribute to Liverpool "legend" Mane - PremierSeason.com

မာနေးက “ကျနော် လီဗာပူးကနေ ထွက်လို့ ကလော့ပ်က အတော်လေး ဝမ်းနည်းခဲ့ပါတယ်။ ဒါပေမယ့် သူ ကျနော့်အတွက် အကောင်းဆုံးတွေဖြစ်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ကျနော်လည်း သူ့ကို အမြဲတမ်းကျေးဇူးတင်နေမှာပါ”

Jurgen Klopp Emotionally Reflects On Sadio Mane's Liverpool Career, Calls  Him 'Modern-Day Icon'

“ကလော့ပ်က အရမ်းကိုကောင်းမွန်တဲ့ လူတယောက်ပါ။ သူ ကျနော့်ကို လီဗာပူးမှာ ဆက်နေစေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ ကျနော့်အခြေအနေကိုလည်း နားလည်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။