ပရိသတ်တွေဒေါသကိုကြိုသိလို့ စျေးကွက်ပိတ်မယ့်နေ့မှာ အိမ်ကို လုံခြုံရေးအပြည့်ချထားမယ့် အက်ဒ်ဝုဒ်ဝဒ်

မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ ဒေါသထွက်နေတဲ့ ပရိသတ်တွေရဲ့ပစ်မှတ် နောက်ထပ်တစ်ကြိမ်ထပ်ဖြစ်မှာကို ကြောက်ရွံ့နေတာကြောင့် အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့ နေအိမ်ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားမယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဝုဒ်ဝဒ်ရဲ့ ချက်ရှိုင်းယားက အိမ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအပြီးမှာ ဆိုးသွမ်းပရိသတ်အယောက် ၂၀ ခန့်က မှုတ်ဆေးနဲ့ ဖျန်းပြီး အိမ်ထဲကို မီးရှူးတွေ၊ မီးခိုးဗုံးတွေ ပစ်ထည့်ပြီး တိုက်ခိုက်မှုဖြစ်ပျက်ခဲ့ဖူးတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ အပြောင်းအရွှေ့စျေးကွက်မှာ လှုပ်ရှားမှုမရှိခြင်းကို ဒေါသထွက်ခဲ့ကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က အဲဒီအချိန်တုန်းက ဘရူနိုဖာနန်ဒက်စ်ကို စပို့တင်းလစ္စဘွန်းကနေ ပေါင် ၄၇ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေခဲ့တာတောင်မှ ဆိုးသွမ်းပရိသတ်တွေက အက်ဒ်ဝုဒ်ဝဒ်ကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ၎င်းတို့ရဲ့ထိပ်ဆုံးပြိုင်ဘက် ၆ သင်းရဲ့ ငွေကြေးသုံးစွဲမှုကို လိုက်မီဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပရိသတ်တွေဟာ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် နောက်ထပ်တစ်ကြိမ် ဒေါသအိုးပေါက်ကွဲနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးကတည်းက အက်ဒ်ဝုဒ်ဝဒ်ရဲ့ ချက်ရှိုင်းယားက နေအိမ်ရဲ့ လုံခြုံရေးအဆင့်က ပိုမိုမြင့်တက်သွားခဲ့တယ်လို့ နားလည်ရပြီး ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းမယ့် တနင်္လာနေ့မှာ နေအိမ်ပတ်ပတ်လည် လုံခြုံရေးအပြည့်ချသွားမယ်လို့ ယုံကြည်ရပါတယ်။

အက်ဒ်ဝုဒ်ဝဒ်၊ ဇနီးနဲ့ ကလေး ၂ ယောက်တို့မှာ လန်ဒန်ပြင်ပမှာ နေအိမ်တစ်လုံးရှိသေးပြီး အချိန်တော်တော်များများကို အဲဒီအိမ်မှာသာ ကုန်ဆုံးလေ့ရှိတာဖြစ်ပါတယ်။ လူမနေတဲ့ ချက်ရှိုင်းယားက နေအိမ်ဟာ လူမှုကွန်ရက်မှာ ယူနိုက်တက်ပရိသတ်တွေအတွက် ဒေါသဖြေစရာအဖြစ် တိုက်ခိုက်ပြီးနောက် အခြေအနေကို လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတင်ခဲ့ကြတာဖြစ်ပါတယ်။

(Zawgyi)

မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ ဒေါသထွက်နေတဲ့ ပရိသတ်တွေရဲ့ပစ်မှတ် နောက်ထပ်တစ်ကြိမ်ထပ်ဖြစ်မှာကို ကြောက်ရွံ့နေတာကြောင့် အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့ နေအိမ်ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားမယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဝုဒ်ဝဒ်ရဲ့ ချက်ရှိုင်းယားက အိမ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအပြီးမှာ ဆိုးသွမ်းပရိသတ်အယောက် ၂၀ ခန့်က မှုတ်ဆေးနဲ့ ဖျန်းပြီး အိမ်ထဲကို မီးရှူးတွေ၊ မီးခိုးဗုံးတွေ ပစ်ထည့်ပြီး တိုက်ခိုက်မှုဖြစ်ပျက်ခဲ့ဖူးတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားမှုမရှိခြင်းကို ဒေါသထွက်ခဲ့ကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က အဲဒီအချိန်တုန်းက ဘရူနိုဖာနန်ဒက်စ်ကို စပို့တင်းလစ္စဘွန်းကနေ ပေါင် ၄၇ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေခဲ့တာတောင်မှ ဆိုးသွမ်းပရိသတ်တွေက အက်ဒ်ဝုဒ်ဝဒ်ကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ၎င်းတို့ရဲ့ထိပ်ဆုံးပြိုင်ဘက် ၆ သင်းရဲ့ ငွေကြေးသုံးစွဲမှုကို လိုက်မီဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပရိသတ်တွေဟာ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် နောက်ထပ်တစ်ကြိမ် ဒေါသအိုးပေါက်ကွဲနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးကတည်းက အက်ဒ်ဝုဒ်ဝဒ်ရဲ့ ချက်ရှိုင်းယားက နေအိမ်ရဲ့ လုံခြုံရေးအဆင့်က ပိုမိုမြင့်တက်သွားခဲ့တယ်လို့ နားလည်ရပြီး ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် တနင်္လာနေ့မှာ နေအိမ်ပတ်ပတ်လည် လုံခြုံရေးအပြည့်ချသွားမယ်လို့ ယုံကြည်ရပါတယ်။ အက်ဒ်ဝုဒ်ဝဒ်၊ ဇနီးနဲ့ ကလေး ၂ ယောက်တို့မှာ လန်ဒန်ပြင်ပမှာ နေအိမ်တစ်လုံးရှိသေးပြီး အချိန်တော်တော်များများကို အဲဒီအိမ်မှာသာ ကုန်ဆုံးလေ့ရှိတာဖြစ်ပါတယ်။ လူမနေတဲ့ ချက်ရှိုင်းယားက နေအိမ်ဟာ လူမှုကွန်ရက်မှာ ယူနိုက်တက်ပရိသတ်တွေအတွက် ဒေါသဖြေစရာအဖြစ် တိုက်ခိုက်ပြီးနောက် အခြေအနေကို လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတင်ခဲ့ကြတာဖြစ်ပါတယ်။