ဂိုးသမားသစ် မန်ဒီကြောင့် ခေါင်းကိုက်စရာအခြေအနေကြုံတွေ့ရ‌တော့မယ့်လမ်းပတ်

ချယ်လ်ဆီး အသင်းရဲ့ဂိုးသမားသစ် မန်ဒီ ဟာ ဆီနီဂေါ လက်ရွေးစင် အသင်းအတွက် သွားရောက်ကစားပေးရင်းနဲ့ ဒဏ်ရာရသွားတာကြောင့် ချယ်လ်ဆီး အသင်းကို ပြန်ရောက်လာပြီလို့ ဒေးလီးမေးလ် သတင်းက ဖော်ပြလိုက်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ဂိုးသမား ဟာ မော်ရိုကို နဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် ဆီနီဂေါ လက်ရွေးစင် အသင်းရဲ့လူစာရင်းမှာ ခေါ်ယူခြင်းခံရပြီးနောက် အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားဟာ ပေါင်ဒဏ်ရာရရှိသွားတာကြောင့် ချယ်လ်ဆီး အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အခုနွေရာသီ အပြောင်းအရွှေ့ကမှ ရီးနတ်စ် အသင်းကနေ ပေါင်(၂၂)သန်းနဲ့ ခေါ်ယူထားတဲ့ မန်ဒီ ရဲ့အခြေအနေကို ချယ်လ်ဆီး အသင်းရဲ့ဆေးအဖွဲ့က စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ။

ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ် က မန်ဒီ ဟာ အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ရင်း ညာဘက်ပေါင်ဒဏ်ရာ ရရှိသွားတယ်လို့ အတည်ပြုထားပါတယ်။

လမ်းပတ် ဟာ အသင်းရဲ့ဂိုးသမားတွေဖြစ်တဲ့ ကီပါ နဲ့ ကာဘယ်လာရို တို့ရဲ့လက်စွမ်းကို သဘောမကျတာကြောင့် မန်ဒီ ကို ခေါ်ယူခဲ့တာဖြစ်ပြီး သူဒဏ်ရာ ရသွားတာ ဟာ နည်းပြကို စိတ်ပျက်စေခဲ့တာလည်းဖြစ်ပါတယ်။

မန်ဒီဟာ စပါး အသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်နဲ့ ပဲလေစ့် အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချယ်လ်‌ဆီး အသင်း အတွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

လမ်းပတ် ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် (၃၈)ပွဲမှာ (၅၄)ဂိုးအထိ ခွင့်ပြုပေးခဲ့ရတဲ့ အသင်းရဲ့ခံစစ်ပိုင်းကို ပိုမိုကောင်းမွန်လာအောင်လုပ်ဖို့ မန်ဒီက ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Zawgyi

ခ်ယ္လ္ဆီး အသင္းရဲ့ဂိုးသမားသစ္ မန္ဒီ ဟာ ဆီနီေဂါ လက္ေရြးစင္ အသင္းအတြက္ သြားေရာက္ကစားေပးရင္းနဲ႔ ဒဏ္ရာရသြားတာေၾကာင့္ ခ်ယ္လ္ဆီး အသင္းကို ျပန္ေရာက္လာၿပီလို႔ ေဒးလီးေမးလ္ သတင္းက ေဖာ္ျပလိုက္ပါတယ္။

အသက္(၂၈)ႏွစ္အရြယ္ဂိုးသမား ဟာ ေမာ္ရိုကို နဲ႔ ကစားမယ့္ ေျခစမ္းပြဲအတြက္ ဆီနီေဂါ လက္ေရြးစင္ အသင္းရဲ့လူစာရင္းမွာ ေခၚယူျခင္းခံရၿပီးေနာက္ အသင္းနဲ႔ ေလ့က်င့္မႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ကစားသမားဟာ ေပါင္ဒဏ္ရာရရွိသြားတာေၾကာင့္ ခ်ယ္လ္ဆီး အသင္းကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။အခုေႏြရာသီ အေျပာင္းအေရႊ႕ကမွ ရီးနတ္စ္ အသင္းကေန ေပါင္(၂၂)သန္းနဲ႔ ေခၚယူထားတဲ့ မန္ဒီ ရဲ့အေျခအေနကို ခ်ယ္လ္ဆီး အသင္းရဲ့ေဆးအဖြဲ႕က စစ္ေဆးမႈေတြျပဳလုပ္သြားမွာပါ။

ဆီနီေဂါ ေဘာလုံးအဖြဲ႕ခ်ဳပ္ က မန္ဒီ ဟာ အသင္းနဲ႔ ေလ့က်င့္မႈေတြျပဳလုပ္ရင္း ညာဘက္ေပါင္ဒဏ္ရာ ရရွိသြားတယ္လို႔ အတည္ျပဳထားပါတယ္။

လမ္းပတ္ ဟာ အသင္းရဲ့ဂိုးသမားေတြျဖစ္တဲ့ ကီပါ နဲ႔ ကာဘယ္လာရို တို႔ရဲ့လက္စြမ္းကို သေဘာမက်တာေၾကာင့္ မန္ဒီ ကို ေခၚယူခဲ့တာျဖစ္ၿပီး သူဒဏ္ရာ ရသြားတာ ဟာ နည္းျပကို စိတ္ပ်က္ေစခဲ့တာလည္းျဖစ္ပါတယ္။

မန္ဒီဟာ စပါး အသင္းကို အေရးနိမ့္ခဲ့တဲ့ ကာရာေဘာင္းဖလား ပြဲစဥ္နဲ႔ ပဲေလစ့္ အသင္းကို ဂိုးျပတ္အနိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ခ်ယ္လ္‌ဆီး အသင္း အတြက္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

လမ္းပတ္ ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ (၃၈)ပြဲမွာ (၅၄)ဂိုးအထိ ခြင့္ျပဳေပးခဲ့ရတဲ့ အသင္းရဲ့ခံစစ္ပိုင္းကို ပိုမိုေကာင္းမြန္လာေအာင္လုပ္ဖို႔ မန္ဒီက ကူညီေပးနိုင္မယ္လို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။