ကလပ်အသင်းမှာတော့ခြေစွမ်းပြနေပေမယ့်နိုင်ငံအသင်းကိုကျမကယ်တင်နိုင်ခဲ့တဲ့ဟာလန်း

ဟာလန်း ရဲ့နော်ဝေးလက်ရွေးစင် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ယူရို(၂၀၂၀) ပြိုင်ပွဲခြေစစ်ပွဲမှာ ဆားဘီးယား အသင်းကို အရေးနိမ့်သွားခဲ့ပါတယ်။နော်ဝေး အသင်းနဲ့ ဆားဘီးယား အသင်းတို့ဟာ ပွဲချိန်အတွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။နော်ဝေး အသင်းအတွက် ဂိုးကို နော်မန် က သွင်းယူခဲ့ပြီး ဆားဘီးယား အတွက် ဂိုးကို ဆာဗစ် က သွင်းယူခဲ့တာဖြစ်ပါတယ်။

အချိန်ပိုမိနစ်(၃၀) ဆက်ကစားခဲ့ရမှာတော့ ဆာဗစ် ကပဲ ဆားဘီးယား အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် နော်ဝေး အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဟာလန်း ကတော့ လာမယ့်နှစ်မှာ ကစားမယ့် ယူရိုပြိုင်ပွဲကို ပါဝင်ကစားရတော့မှာ မဟုတ်တော့ပါဘူး။ဟာလန်း ဟာ ဒီပွဲမှာ နော်ဝေး အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ဆားဘီးယား အသင်းကို နိုင်ပွဲရအောင် မကူညီနိုင်ခဲ့တာဖြစ်ပါတယ်။

နော်ဝေး အသင်းဟာ ယူရိုပြိုင်ပွဲကို (၂၀၀၀)ခုနှစ်က ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့ရတာကြောင့် လာမယ့်နှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲကို ပါဝင်ခွင့်ရဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် နော်ဝေး အသင်းဟာ ယူရိုပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမယ့် နောက်ဆုံးအဆင့်ခြေစစ်ပွဲ ဗိုလ်လုပွဲကို မတက်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့ ‌နောက်ထပ်(၄)နှစ်ကြာ ထပ်မံစောင့်ဆိုင်းရတော့မှာပါ။

နော်ဝေး အသင်းကို အနိုင်ရခဲ့တဲ့ ဆားဘီးယား အသင်းကတော့ ခြေစစ်ပွဲဗိုလ်လုပွဲယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ဆားဘီးယား အသင်းဟာ ခြေစစ်ပွဲဗိုလ်လုပွဲအဖြစ် အစ္စရေး အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ စကော့တလန် နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲကိုတော့ နိုဝင်ဘာလ (၁၂)ရက်မှာ ကစားသွားမှာဖြစ်ပါတယ်။

Zawgyi

ဟာလန္း ရဲ့ေနာ္ေဝးလက္ေရြးစင္ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ ယူရို(၂၀၂၀) ၿပိဳင္ပြဲေျခစစ္ပြဲမွာ ဆားဘီးယား အသင္းကို အေရးနိမ့္သြားခဲ့ပါတယ္။ေနာ္ေဝး အသင္းနဲ႔ ဆားဘီးယား အသင္းတို႔ဟာ ပြဲခ်ိန္အတြင္းမွာ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့တာေၾကာင့္ အခ်ိန္ပိုဆက္လက္ကစားခဲ့ရပါတယ္။ေနာ္ေဝး အသင္းအတြက္ ဂိုးကို ေနာ္မန္ က သြင္းယူခဲ့ၿပီး ဆားဘီးယား အတြက္ ဂိုးကို ဆာဗစ္ က သြင္းယူခဲ့တာျဖစ္ပါတယ္။

အခ်ိန္ပိုမိနစ္(၃၀) ဆက္ကစားခဲ့ရမွာေတာ့ ဆာဗစ္ ကပဲ ဆားဘီးယား အသင္းအတြက္ အနိုင္ဂိုးသြင္းယူခဲ့တာေၾကာင့္ ေနာ္ေဝး အသင္းက (၂)ဂိုး-(၁)ဂိုးနဲ႔ အေရးနိမ့္သြားခဲ့တာျဖစ္ပါတယ္။အဲဒါေၾကာင့္ ဟာလန္း ကေတာ့ လာမယ့္ႏွစ္မွာ ကစားမယ့္ ယူရိုၿပိဳင္ပြဲကို ပါဝင္ကစားရေတာ့မွာ မဟုတ္ေတာ့ပါဘူး။ဟာလန္း ဟာ ဒီပြဲမွာ ေနာ္ေဝး အသင္းအတြက္ ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ေပမယ့္ ဆားဘီးယား အသင္းကို နိုင္ပြဲရေအာင္ မကူညီနိုင္ခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝး အသင္းဟာ ယူရိုၿပိဳင္ပြဲကို (၂၀၀၀)ခုႏွစ္က ပထမဆုံးအႀကိမ္နဲ႔ ေနာက္ဆုံးအႀကိမ္ယွဥ္ၿပိဳင္ခဲ့ရတာေၾကာင့္ လာမယ့္ႏွစ္မွာ က်င္းပမယ့္ ၿပိဳင္ပြဲကို ပါဝင္ခြင့္ရဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ေနာ္ေဝး အသင္းဟာ ယူရိုၿပိဳင္ပြဲယွဥ္ၿပိဳင္ခြင့္ရမယ့္ ေနာက္ဆုံးအဆင့္ေျခစစ္ပြဲ ဗိုလ္လုပြဲကို မတက္နိုင္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲယွဥ္ၿပိဳင္ခြင့္ရဖို႔ ‌ေနာက္ထပ္(၄)ႏွစ္ၾကာ ထပ္မံေစာင့္ဆိုင္းရေတာ့မွာပါ။

ေနာ္ေဝး အသင္းကို အနိုင္ရခဲ့တဲ့ ဆားဘီးယား အသင္းကေတာ့ ေျခစစ္ပြဲဗိုလ္လုပြဲယွဥ္ၿပိဳင္ခြင့္ ရရွိသြားခဲ့ပါတယ္။ဆားဘီးယား အသင္းဟာ ေျခစစ္ပြဲဗိုလ္လုပြဲအျဖစ္ အစၥေရး အသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အနိုင္ရခဲ့တဲ့ စေကာ့တလန္ နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ဒီပြဲကိုေတာ့ နိုဝင္ဘာလ (၁၂)ရက္မွာ ကစားသြားမွာျဖစ္ပါတယ္။