ဥရောပအကောင်းဆုံးကွင်းလယ်ကစားသမားကို အသင်းမှာထပ်ချည်နှောင်ဖို့လုပ်နေတဲ့မန်စီးတီး

မန်စီးတီး အသင်းဟာ ကွင်းလယ်ကစားသမား ဒီဘရိုင်းကို (၅)နှစ်စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိဖို့နီးစပ်နေပြီလို့ သတင်းတွေမှာ ‌ဖော်ပြထားပါတယ်။(၂၀၁၅) က ဝုလ်ဖ်ဘတ် အသင်းကနေ မန်စီးတီး အသင်းကို ပြောင်းရွှေ့လာတဲ့ ဒီဘရိုင်းဟာ အသင်းအတွက် (၂၂၇)ပွဲပါဝင်ကစားထားပြီး (၅၈)ဂိုးသွင်းယူကာ ဂိုး(၉၀) ဖန်တီးပေးထားတာဖြစ်ပါတယ်။

WOLVERHAMPTON, ENGLAND – SEPTEMBER 21: Raheem Sterling and Kevin De Bruyne of Manchester City celebrate a goal during the Premier League match between Wolverhampton Wanderers and Manchester City at Molineux on September 21, 2020 in Wolverhampton, England. (Photo by Malcolm Couzens/Getty Images)

ဒီဘရိုင်းနဲ့ မန်စီးတီး အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃) အထိ ကျန်ရှိနေသေးပေမယ့် အဆိုပါ တိုက်စစ်ကစားသမား ဟာ တစ်ပတ်ပေါင်(၃)သိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေပြီလို့ ဒေးလီးမေးလ် က ဖော်ပြခဲ့ပါတယ်။မန်စီးတီး အသင်းနဲ့ ဒီဘရိုင်းတို့ဟာ စာချူပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ အရာရောက်နေတာဖြစ်ပြီး ဘယ်လ်ဂျီယံ ကစားသမားအနေနဲ့ ကစားသမားဘဝကို အီးတီဟတ်မှာပဲ ကုန်ဆုံးရဖွယ်ရှိနေတာပါ။

ဒီဘရိုင်း ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီး အသင်းအတွက် ပြိုင်ပွဲစုံ(၄၈)ပွဲပါဝင်ကစားခဲ့ပြီး (၁၆)ဂိုးသွင်းယူကာ (၂၃)ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီဘရိုင်း ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီး အသင်းကို လိဂ်ဖလားတစ်ခုထဲသာ ရယူပေးနိုင်ခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံးဆုနဲ့ ယူအီးအက်ဖ်အေ အကောင်းဆုံးကွင်းလယ်ကစားသမားဆုတို့ကို ရယူနိုင်ခဲ့တာပါ။

WOLVERHAMPTON, ENGLAND – SEPTEMBER 21: Raheem Sterling and Kevin De Bruyne of Manchester City celebrate a goal during the Premier League match between Wolverhampton Wanderers and Manchester City at Molineux on September 21, 2020 in Wolverhampton, England. (Photo by Malcolm Couzens/Getty Images)

အသက်(၂၉)နှစ်အရွယ်ကစားသမားဟာ အခုနှစ်ရာသီမှာလည်း မန်စီးတီး အသင်းအတွက် ပရီးမီးယားလိဂ်(၃)ပွဲပါဝင်ကစားအပြီးမှာ (၁)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။မန်စီးတီး အသင်းကတော့ အခုနှစ်ရာသီ ပရီးမီးယားလိဂ် (၃)ပွဲကစားအပြီးမှာ (၁)ပွဲနိုင်၊(၁)ပွဲသရေ၊(၁)ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းဟာ ကြင္းလယ္ကစားသမား ဒီဘရိုင္းကို (၅)ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈရရွိဖို႔နီးစပ္ေနၿပီလို႔ သတင္းေတြမွာ ‌ေဖာ္ျပထားပါတယ္။(၂၀၁၅) က ဝုလ္ဖ္ဘတ္ အသင္းကေန မန္စီးတီး အသင္းကို ေျပာင္းေရႊ႕လာတဲ့ ဒီဘရိုင္းဟာ အသင္းအတြက္ (၂၂၇)ပြဲပါဝင္ကစားထားၿပီး (၅၈)ဂိုးသြင္းယူကာ ဂိုး(၉၀) ဖန္တီးေပးထားတာျဖစ္ပါတယ်။

ဒီဘရိုင္းနဲ႔ မန္စီးတီး အသင္းတို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၃) အထိ က်န္ရွိေနေသးေပမယ့္ အဆိုပါ တိုက္စစ္ကစားသမား ဟာ တစ္ပတ္ေပါင္(၃)သိန္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ရွိေနၿပီလို႔ ေဒးလီးေမးလ္ က ေဖာ္ျပခဲ့ပါတယ္။မန္စီးတီး အသင္းနဲ႔ ဒီဘရိုင္းတို႔ဟာ စာခ်ဴပ္သစ္အတြက္ ေဆြးေႏြးမႈေတြဟာ အရာေရာက္ေနတာျဖစ္ၿပီး ဘယ္လ္ဂ်ီယံ ကစားသမားအေနနဲ႔ ကစားသမားဘဝကို အီးတီဟတ္မွာပဲ ကုန္ဆုံးရဖြယ္ရွိေနတာပါ။

ဒီဘရိုင္း ဟာ ၿပီးခဲ့တဲ့ရာသီက မန္စီးတီး အသင္းအတြက္ ၿပိဳင္ပြဲစုံ(၄၈)ပြဲပါဝင္ကစားခဲ့ၿပီး (၁၆)ဂိုးသြင္းယူကာ (၂၃)ဂိုးဖန္တီးနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဒီဘရိုင္း ဟာ ၿပီးခဲ့တဲ့ရာသီက မန္စီးတီး အသင္းကို လိဂ္ဖလားတစ္ခုထဲသာ ရယူေပးနိုင္ခဲ့ေပမယ့္ ေျခစြမ္းျပနိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆု၊ပရီးမီးယားလိဂ္ရဲ့ ဂိုးဖန္တီးမႈအမ်ားဆုံးဆုနဲ႔ ယူအီးအက္ဖ္ေအ အေကာင္းဆုံးကြင္းလယ္ကစားသမားဆုတို႔ကို ရယူနိုင္ခဲ့တာပါ။

အသက္(၂၉)ႏွစ္အရြယ္ကစားသမားဟာ အခုႏွစ္ရာသီမွာလည္း မန္စီးတီး အသင္းအတြက္ ပရီးမီးယားလိဂ္(၃)ပြဲပါဝင္ကစားအၿပီးမွာ (၁)ဂိုးသြင္းယူကာ (၁)ဂိုးဖန္တီးနိုင္ခဲ့ပါတယ္။မန္စီးတီး အသင္းကေတာ့ အခုႏွစ္ရာသီ ပရီးမီးယားလိဂ္ (၃)ပြဲကစားအၿပီးမွာ (၁)ပြဲနိုင္၊(၁)ပြဲသေရ၊(၁)ပြဲရႈံးနိမ့္ထားတာျဖစ္ပါတယ္။