၂ ဂိုးသွင်း ၂ ဂိုးဖန်တီးပြီး အာကြီးအတွက် အဖိုးတန်ရွှေကျေးလေးဖြစ်ခဲ့တဲ့ ဂျီးဆပ်စ်

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ အဖြစ် လက်စတာအသင်းနဲ့ ကစားခဲ့ရာ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အာဆင်နယ်အတွက်ဂိုးတွေကို ဂျီးဆပ်စ်က ၂ ဂိုး၊ ရှာခါနဲ့ မာတင်နယ်လီက ၁ ဂိုးစီသွင်းယူခဲ့တာပါ။ဂျီးဆပ်စ်ဟာ သွင်းဂိုး ၂ ဂိုးအပြင် အဆိုပါ ကစားသမား ၂ ဦးရဲ့သွင်းဂိုးကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ လက်စတာအတွက် ချေပဂိုး ၂ …

၂ ဂိုးသွင်း ၂ ဂိုးဖန်တီးပြီး အာကြီးအတွက် အဖိုးတန်ရွှေကျေးလေးဖြစ်ခဲ့တဲ့ ဂျီးဆပ်စ် Read More

လူကာကူက ချယ်လ်ဆီးအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဆိုပြီး စိတ်ဓါတ်စစ်ဆင်ရေး ကွန်တီစတင်

စပါးအသင်းနည်းပြ ကွန်တီက လူကာကူဟာ အသင်းဟောင်း ချယ်လ်ဆီးအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်တယ်ဆိုပြီး ပွဲမတိုင်ခင် စိတ်ဓါတ်စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းထံ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ လူကာကူဟာ လန်ဒန်ကလပ်မှာ စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ပြီး တစ်ရာသီအကြာမှာပဲ အသင်းဟောင်း အင်တာမီလန်ထံ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ လူကာကူဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာကတည်းက ပြောခဲ့တဲ့ အင်တာဗျူးကြောင့် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ကြုံတွေ့ခဲ့ရတာပါ။ချယ်လ်ဆီးအသင်းကတော့ …

လူကာကူက ချယ်လ်ဆီးအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဆိုပြီး စိတ်ဓါတ်စစ်ဆင်ရေး ကွန်တီစတင် Read More

ဘောလွန်းဒီအောဆုကို အမြန်ဆုံးရယူချင်နေပြီဆိုတဲ့ ဘတ်ပီ

ပြင်သစ်နဲ့ ပီအက်စ်ဂျီကြယ်ပွင့်ကစားသမား ဘတ်ပီက မကြာခင်ကာလအတွင်းမှာ ဘောလွန်းဒီအောဆုကို ရယူချင်ကြောင်း ပြောလိုက်ပါတယ်။ ဘတ်ပီဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံတွေကို ပြသထားပြီး မနှစ်ကရာသီက ပီအက်စ်ဂျီအသင်း အတွက် ၄၈ ပွဲကစားခဲ့ရာမှာ ၂၈ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ဘတ်ပီဟာ အစောပိုင်းက ရီးရယ်လ်အသင်းကို ပြောင်းဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ခဲ့ပြီး ပြင်သစ်မှာပဲ ဆက်နေဖို့ …

ဘောလွန်းဒီအောဆုကို အမြန်ဆုံးရယူချင်နေပြီဆိုတဲ့ ဘတ်ပီ Read More

မက်ဆီကို ဘလွန်းဒီအော်ဆန်ခါတင်စာရင်းထဲ မထည့်သွင်းတဲ့အပေါ် France Football ရှင်းလင်း

France Football ရဲ့ တာဝန်ရှိသူ အီမန်နျူရယ်ဘိုဂျန်က ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားကြယ်ပွင့် မက်ဆီကို ဘလွန်းဒီအော် ဆန်ခါတင် အယောက် (၃၀) စာရင်းထဲ မထည့်သွင်းခဲ့တဲ့အပေါ် ဖြေရှင်းပြောကြားလာပါတယ်။ မနေ့က ထုတ်ပြန်လိုက်တဲ့ အဆိုပါ စာရင်းမှာ မက်ဆီက (၂၀၀၅) နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီလိုမျိုး ဆန်ခါတင်ကစားသမားစာရင်းထဲမှာတောင် မပါဝင်လာခဲ့တာပါ။ မက်ဆီဟာ ဘလွန်းဒီအော်ဆုကို (၇) ကြိမ် …

မက်ဆီကို ဘလွန်းဒီအော်ဆန်ခါတင်စာရင်းထဲ မထည့်သွင်းတဲ့အပေါ် France Football ရှင်းလင်း Read More

စျေးကွက်ထဲမှာ တိုင်ပတ်နေတဲ့အပေါ် မစိုးရိမ်ဘူးလို့ ပြောကြားလာတဲ့ အဲရစ်တန်ဟက်ခ်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က သူ့အသင်းအနေနဲ့ လက်ရှိနွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ်ခေါ်ယူရခက်ခဲနေတဲ့အပေါ် စိတ်ပူပန်မှုမရှိကြောင်း ပြောပါတယ်။ ယူနိုက်တက်ဟာ လက်ရှိနွေရာသီမှာ မာလာစီယာ၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ အဲရစ်ဆင်တို့ကိုသာ ခေါ်ယူထားပါတယ်။ ဖရန်ကီဒီဂျောင်နဲ့ တိုက်စစ်မှူးတယောက်၊ နောက်ထပ် ကွင်းလယ်လူတယောက်တို့ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အခုချိန်ထိ အရာမထင်သေးပါဘူး။ အထူးသဖြင့် ဘရိုက်တန်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ရာသီအဖွင့်ပွဲအပြီးမှာ ယူနိုက်တက်တို့ ကစားသမားသစ်တွေကို တက်သုတ်ရိုက်ခေါ်ယူဖို့ လုပ်ခဲ့ပါတယ်။ ရာဘီရော့၊ …

စျေးကွက်ထဲမှာ တိုင်ပတ်နေတဲ့အပေါ် မစိုးရိမ်ဘူးလို့ ပြောကြားလာတဲ့ အဲရစ်တန်ဟက်ခ် Read More

ကစားသမားသစ်တွေ မှတ်ပုံတင်နိုင်လို့ ချဲလ်ဆီးကို ပြန်ချေမိုးလိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ ချဲလ်ဆီးကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမား အူဘာမီးယန်းအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါ ဂါဘွန်လက်ရွေးစင်ဟောင်းဟာ ချဲလ်ဆီးနည်းပြ တူဟယ်လ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ တူဟယ်လ်နဲ့ အူဘာမီးယန်းတို့ဟာ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးကြပြီး အခုချဲလ်ဆီးမှာတော့ တူဟယ်လ်က အူဘာမီးယန်းကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတာပါ။ ချဲလ်ဆီးဟာ လက်ရှိနွေစျေးကွက်မှာ တီမိုဗာနာ၊ လူကာကူတို့ကို လက်လွှတ်ထားရပါတယ်။ အဲ့ဒါကြောင့်လည်း တိုက်စစ်မှူးသစ် ပြန်လည်ရှာဖွေနေတာဖြစ်ပြီး …

ကစားသမားသစ်တွေ မှတ်ပုံတင်နိုင်လို့ ချဲလ်ဆီးကို ပြန်ချေမိုးလိုက်တဲ့ ဘာစီလိုနာ Read More

နောက်ထပ်ဘယ်နောက်ခံလူကို ထပ်မံခေါ်ယူမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာအတည်ပြု

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အနေနဲ့ နောက်ထပ် ဘယ်နောက်ခံလူတယောက်ကို ထပ်မံခေါ်ယူမှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ လက်ရှိနွေရာသီမှာ ဇင်ချန်ကို,ကို ရောင်းချခဲ့ပါတယ်။ မန်ဒီကလည်း မုဒိမ်းမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မန်စီးတီးတို့ ဘယ်နောက်ခံလူ ရှာဖွေခဲ့ရပါတယ်။ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမရလို့ ကစားသမားက ချဲလ်ဆီးကိုသာ ပြောင်းရွှေ့ခဲ့ပါတယ်။ အခုချိန်မှာတော့ မန်စီးတီးဟာ အန်ဒါလက်ချ်က …

နောက်ထပ်ဘယ်နောက်ခံလူကို ထပ်မံခေါ်ယူမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာအတည်ပြု Read More

ရော်နယ်ဒိုက ယူနိုက်တက်မှာပဲ ဆက်ရှိတော့မယ်လို့ အဲရစ်တန်ဟတ်ပြောလာ

အဲရစ်တန်ဟတ်က ရော်နယ်ဒိုဟာ သူ့ရဲ့စိတ်ကူးကို ပြောင်းလဲလိုက်ပြီး ယူနိုက်တက်မှာပဲ ဆက်နေတော့မယ်လို့ ပြောလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းဆိုထားပြီး မိသားစုအကြောင်းပြချက်နဲ့ အသင်းရဲ့ရာသီကြိုခရီးစဉ်တွေကို မလိုက်ပါပဲ ပရီးမီးယားလိဂ်ပွဲစတင်ခါနီးမှ အသင်းနဲ့ ပူးပေါင်းခဲ့တာပါ။ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ရော်နယ်ဒိုဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ယူနိုက်တက်အတွက် ပါဝင်ကစားခဲ့ပါတယ်။ ဘရန်ဖိုဒ့်နဲ့ပွဲမှာတော့ တိုက်စစ်မှူး မာရှယ်ဒဏ်ရာကြောင့် မပါဝင်မှာဖြစ်တဲ့အတွက် ရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းမှာ …

ရော်နယ်ဒိုက ယူနိုက်တက်မှာပဲ ဆက်ရှိတော့မယ်လို့ အဲရစ်တန်ဟတ်ပြောလာ Read More

ရော်နယ်ဒို ပါခဲ့ပေမယ့် မက်ဆီနဲ့ နေမာတို့ မပါဝင်တဲ့ ဘောလွန်းဒီအောဆန်ကာတင်စာရင်း

ပြင်သစ်ဘောလုံးက ၂၀၂၂ အမျိုးသားဘောလွန်းဒီအောဆုအတွက် ဆန်ကာတင်စာရင်းကို ထုတ်ပြန်လိုက်ရာမှာ မက်ဆီမပါဝင်လာခဲ့တာကို တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘောလွန်းဒီအောဆုကို ရရှိထားတဲ့ မက်ဆီဟာ မနှစ်ကရာသီက ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ အခုလို ဆန်ကာတင်စာရင်းမှာ မပါဝင်ခဲ့တာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။ ဒီစာရင်းမှာ မက်ဆီရဲ့ပီအက်စ်ဂျီအသင်းဖော် နေမာလည်း မပါဝင်ခဲ့ပါဘူး။မက်ဆီရဲ့ကာလကြာရှည်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုကတော့ ဒီစာရင်းမှာ ပါဝင်လာခဲ့တာပါ။ အခုနှစ်အတွက် ဒီဆုကိုရယူဖို့ ဘန်ဇီမာက …

ရော်နယ်ဒို ပါခဲ့ပေမယ့် မက်ဆီနဲ့ နေမာတို့ မပါဝင်တဲ့ ဘောလွန်းဒီအောဆန်ကာတင်စာရင်း Read More

ဒေါက်တာရက်ရှ်ဖိုဒ့်ကို ယူနိုက်တက်မှာပဲ ဆက်ရှိဖို့ အဲရစ်တန်ဟတ်မျှော်လင့်နေ

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ရက်ရှ်ဖိုဒ့်အနေနဲ့ ဒီရာသီအသင်းမှာ ဆက်ရှိဖို့ မျှော်လင့်ကြောင်း ပြောလိုက်ပါတယ်။ မကြာသေးခင်က ရက်ရှ်ဖိုဒ့်ရဲ့ကိုယ်စားလှယ်တွေဟာ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။ဒါပေမယ့် အဲရစ်တန်ဟတ်က ရက်ရှ်ဖိုဒ့်ကို အိုးထရက်ဖိုဒ့်မှာပဲ ဆက်ရှိစေချင်နေတာဖြစ်ပါတယ်။ အဲရစ်တန်ဟတ်က “သူဟာ တကယ်ကို အရေးပါတဲ့သူဆိုတာ ကျွန်တော်ဒီကိုရောက်တဲ့နေ့ကတည်းက ပထမဆုံးမြင်ခဲ့တာပါ။သူနဲ့အတူ ကျွန်တော်အလွန်ပျော်ပါတယ်။သူ့ကို မဆုံးရှုံးချင်ပါဘူး” “သူဟာ ယူနိုက်တက်ရဲ့ကျွန်တော့်အစီအစဉ်မှာ သေချာပေါက်ရှိပါတယ်”လို့ ပြောခဲ့တာပါ။ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက ပခုံးခွဲစိတ်ပြီးနောက် …

ဒေါက်တာရက်ရှ်ဖိုဒ့်ကို ယူနိုက်တက်မှာပဲ ဆက်ရှိဖို့ အဲရစ်တန်ဟတ်မျှော်လင့်နေ Read More