ညီလေးဟာလန်း ကမ္ဘာ့အကောင်းဆုံးဖြစ်ချင်ရင် ဘယ်လိုလုပ်ဘာညာဆိုပြီး ပို့ချပေးလိုက်တဲ့ ကိုကြီးရော်နယ်ဒို

ရော်နယ်ဒိုဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့ ပတ်သက်လို့ ကစားသမားအတွက် တန်ဖိုးရှိတဲ့ အကြံဥာဏ်တွေကို လူသိရှင်ကြားမျှဝေပေးခဲ့ဖူးပါတယ်။

ဟာလန်းဟာ ဒေါ့မွန်မှာ အကောင်းဆုံး ဂိုးသွင်းခြေစွမ်းပြနေပြီး လာမယ့်နွေရာသီမှာ ဥရောပထိပ်တန်းအသင်းတသင်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။

ဟာလန်းရဲ့ ဂိုးသွင်းခြေစွမ်းက တော်တော်လေး ကောင်းမွန်ပြီး အနာဂတ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေရတာဖြစ်ပါတယ်။

ဒါ့အပြင် သူနဲ့ခေတ်ပြိုင် အမ်ဘာပေလည်းရှိနေပြီး နောင်တချိန်မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာမယ့် ကစားသမားတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာတော့ ရော်နယ်ဒိုက အခုလိုပဲ ဦးတည်ပြောကြားခဲ့တာပါ။

ရော်နယ်ဒိုက “ကမ္ဘာ့အကောင်းဆုံးဖြစ်လာဖို့အတွက် တယောက်တည်းကို ရွေးထုတ်ရတာက ခက်ခဲပါတယ်။ ဒါပေမယ့် ဟာလန်း၊ အမ်ဘာပေတို့လို လူငယ်မျိုးဆက်သစ်တွေကို မြင်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်”

“တချို့ ကစားသမားတွေက တရာသီ၊ နှစ်ရာသီလောက် ကြီးကျယ်ခမ်းနားတဲ့ ပုံစံတွေကို ပြသနိုင်ပါတယ်။ တကယ့် ထိပ်တန်းကစားသမားတွေဖြစ်လာဖို့အတွက်က တရာသီပြီးတရာသီ ကိုယ့်ရဲ့ပုံစံကို ထိန်းထားနိုင်ဖို့ လိုအပ်တာပေါ့”

“အဲ့ဒီလိုလုပ်ဖို့ဆိုတာက မလွယ်ကူပါဘူး။ အများကြီး ကြိုးစားရပြီး ကတိကဝတ်တွေအများကြီးပြုထားရတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ အမ်ဘာပေထက်စာရင် ဟာလန်းက ကွင်းတွင်း၊ ကွင်းပြင်မှာ ပရိသတ်တွေအတွက် ပိုမိုအားရစရာကောင်းနေပါတယ်။ .

ဟာလန်းဟာ ယူနိုက်တက် လက်ရှိနည်းပြ ရန်းနစ်ဂ်နဲ့လည်း ဆဲလ်ဘာ့ဂ်မှာ လက်တွဲခဲ့ဖူးပြီး ယူနိုက်တက်ကလည်း ဟာလန်းကိုခေါ်ယူနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။