လီဗာပူးလ် ဘက်ကို ဒုံးကျည်ပစ်လွှတ်လိုက်လိုက်သလို ကန်ချက်နဲ့ ဂိုးသွင်းခဲ့တဲ့ မက်ဒီဆင်

ဒီမနက်ပိုင်းက ကစားခဲ့တဲ့ လီဗာပူးလ် အသင်းနဲ့ လက်စတာ အသင်းတို့ရဲ့ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ လက်စတာ အသင်း ကစားသမား မက်ဒီဆင် ဟာ အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူသွားခဲ့ပါတယ်။

LIVERPOOL, ENGLAND – DECEMBER 22: James Maddison of Leicester City celebrates scoring his teams third goal of the game during the Carabao Cup Quarter Final match between Liverpool and Leicester City at Anfield on December 22, 2021 in Liverpool, England. (Photo by Naomi Baker/Getty Images)

မက်ဒီဆင် ဟာ ဂိုးဧရိယာ အပြင်ဘက်ကနေ ဒုံးကျည်ပစ်လွှတ်လိုက်သလို ကန်ချက်နဲ့ ဂိုးသွင်းယူသွားခဲ့တာပါ။ဒါပေမယ့် လက်စတာ အသင်းဟာ ဒီပွဲမှာတော့ လီဗာပူးလ် အသင်းကို ပင်နယ်‌တီအဆုံးအဖြတ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

ပွဲချိန်အတွင်းမှာ တဖက်(၃)ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာပါ။ဒီပွဲမှာ လက်စတာ အသင်းဟာ ဗာဒီ(၂)ဂိုး၊မက်ဒီဆင် (၁)ဂိုးသွင်းယူပြီး ပထမပိုင်းမှာ လီဗာပူးလ် ကို (၃)ဂိုး-(၁)ဂိုးနဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် အတွက် ချေပဂိုးတွေကို ချိန်ဘာလိန်၊ဂျိူတာနဲ့ မီနာမီနို တို့က ပြန်သွင်းယူခဲ့တာပါ။မီနာမီနို ဟာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ လီဗာပူးလ် အသင်းအတွက် အဖိုးတန်ချေပဂိုးကို ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးလ် ဂိုးသမား ကယ်လာဟာ လက်စွမ်းပြခဲ့ပြီး လက်စတာ အသင်း ကစားသမားတွေဖြစ်တဲ့ သော်မတ်စ်နဲ့ ဘာထရန့်တို့ရဲ့ကန်ချက်တွေကို ကာကွယ်သွားခဲ့ပါတယ်။အဲ့ဒါကြောင့် လီဗာပူးလ် အသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်ခဲ့တာပါ။

မက်ဒီဆင် ရဲ့အလွန်လှပတဲ့ ကန်ချက်ကြောင့် လက်စတာ ပရိသတ်တွေ ပျော်ခဲ့ရပေမယ့် အဆုံးသတ်မှာတော့ ပြိုင်ပွဲက ထွက်ခဲ့ရပြီး စိတ်ပျက်စရာအဖြစ်နဲ့ ကျန်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ် အသင်း ကတော့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲမှာ အာဆင်နယ် အသင်းနဲ့ နှစ်ကျော့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။