နေမာမရှိတဲ့အပြင် အမ်ဘာပေပါ မရှိတော့ ရေမြွေလိုဖြစ်သွားခဲ့ရတဲ့ မက်ဆီရဲ့ဘဝ

မနေ့က ကစားခဲ့တဲ့ လော်ရီးယန့်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲမှာ ဧည့်သည် ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ ကံကောင်းလို့ သရေတမှတ်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီအတွက် ပြင်သစ်လီဂူးမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အမ်ဘာပေ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ နေမာကလည်း ဒဏ်ရာရနေတာကြောင့် မက်ဆီတယောက်တည်း တိုက်စစ်ကို ဦးဆောင်ခဲ့ရတာပါ။

ဒီပွဲမတိုင်ခင်တည်းက ဒါဟာ မက်ဆီအတွက် စိန်ခေါ်မှုတရပ်ဖြစ်လာမယ်လို့ အားလုံးက သုံးသပ်ခဲ့ကြပြီး တကယ်တမ်းမှာလည်း မက်ဆီဦးဆောင်တဲ့ ပီအက်စ်ဂျီတိုက်စစ်က ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ်မှာ ပုံမှန်ခြေစွမ်းပြသနေပေမယ့် ပြင်သစ်လီဂူးမှာတော့ ရုန်းကန်နေရဆဲပါ။ ဒါပေမယ့် ကောင်းတဲ့ဘက်ကကြည့်ရင်တော့ ဒီပွဲမှာ မက်ဆီက ပီအက်စ်ဂျီ ကစားသမားတွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက် နောက်ထပ် ထိုးနှက်ချက်တခုကတော့ ရာမို့စ် လူစားဝင်လာပြီး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ ရာမို့စ်ဟာ ဒုတိယပိုင်းအစမှ လူစားဝင်လာခဲ့တာဖြစ်ပြီး ပွဲ ကစားချိန် (၈၅) မိနစ်မှာတော့ နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ရာမို့စ်ဟာ အဝါကတ်နှစ်ကတ်က (၅) မိနစ်သာ ကြာမြင့်ခဲ့ပြီး အသင်းအတွက် ကစားပေးတဲ့ ဒုတိယမြောက်ပွဲမှာတင် အနီကတ်ထိသွားခဲ့တာပါ။

လော်ရီးယန့်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် မိနစ် (၄၀) မှာရရှိခဲ့ပြီး ပီအက်စ်ဂျီအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ဟာကီမီရဲ့ ဖြတ်တင်ဘောကတဆင့် အီကာဒီက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။