မင်းတို့အားလုံးရဲ့ ဟာဇက် ပြန်လာပြီလို့ အသိပေးလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲယ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက အသင်းမှာရုန်းကန်နေရတဲ့ ဟာဇက် ပုံမှန်ခြေစွမ်းနဲ့အတူ ပြန်လာပြီလို့ အသိပေးစကားပြောကြားလိုက်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ လာလီဂါအဝေးကွင်းပွဲမှာ ဘန်ဇီမာက ပွဲကစားချိန် (၁၀) မိနစ်အတွင်းမှာပဲ (၂) ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာလည်း ရီးရဲယ်မက်ဒရစ်က ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဟာဇက်ဟာ ရီးရဲယ်မက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ကာဒစ်ဇ်၊ ဘီလ်ဘာအိုတို့နဲ့ပွဲမှာတော့ ဟာဇက်တယောက် ပါဝင်ကစားခွင့်ရရှိခဲ့တာပါ။

ဘီလ်ဘာအိုနဲ့ပွဲအပြီးမှာ အန်ဆယ်လော့တီက “ဟာဇက် ပြန်လာပြီဆိုတာကို ကျနော် သဘောတူပါတယ်။ သူက အကောင်းဆုံး ပုံစံပြသခဲ့ပြီး တိုက်ပွဲဝင်ခဲ့ပါတယ်”

“ကွာခြားသွားတာတခုက ခံစစ်ကစားတဲ့နေရာပါ။ သူတို့ (ဟာဇက်နဲ့ ဗီနီရှပ်စ်) တို့က ခံစစ်ကစားတဲ့နေရာမှာ ဘယ်လိုကူညီရမယ်ဆိုတာကို ကောင်းကောင်းနားလည်ကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်အတွင်းမှာ ကိုဗစ်ကူးစက်မှုတွေရှိနေပြီး ဒီအပေါ်မှာလည်း အန်ဆယ်လော့တီက အခုလိုပဲ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “နှစ်ယောက်သုံးယောက်လောက်ကတော့ ဒီနေ့ပဲ Negative ပြန်ဖြစ်သွားပါပြီ။ ဘာရောဂါလက္ခဏာမှလည်း မရှိဘဲ အဆင်သင့်ဖြစ်နေပါပြီ။ နာမည်တွေတော့ ကျနော် မသိပါဘူး”

“ဒါပေမယ့် ကူးစက်ခံခဲ့ရတဲ့အထဲက နှစ်ယောက်သုံးယောက်လောက်က Negative ဖြစ်သွားပါပြီ” လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။