ယူနိုက်တက် အနာဂတ်နဲ့ ပတ်သက်ပြီး ရက်ဂ်နစ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မာရှယ်

မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်ကစားသမား မာရှယ် ဟာ ကလပ်အသင်းမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်နိုင်ဖို့အတွက် ယာယီနည်းပြ ရက်ဂ်နစ်နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိ ကစားသမားဟာ ဒဏ်ရာကြောင့် ဂျာမနီနည်းပြလက်အောက်မှာ ပွဲမကစားရသေး ပေမယ့် အသင်းမှာ ပွဲကစားချိန်နည်းပါးနေတာကို မပျော်မရွှင်ဖြစ်နေတာပါ။ကစားသမား ရဲ့ အေးဂျင့် က သူ့ရဲ့ ကစားသမားဟာ ဇန်နဝါရီမှာ အသင်းက ထွက်ခွာချင်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

ဒီစကားက ရက်ဂ်နစ်ကို ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူ လမ်ဘိ်ုလေးက “အန်သိုနီ ဟာ ဇန်နဝါရီမှာ အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။သူဟာ ပွဲကစားချင်နေတာပါ။အဲ့ဒါကြောင့် ဇန်နဝါရီမှာ ဆက်မနေချင်တော့ပဲ မကြာခင် ကလပ်နဲ့ စကားပြောဆိုမယ်”လို့ ပြောခဲ့တာပါ။

ရက်ဂ်နစ် ကလည်း အဆိုပါစကားတွေကို ပြန်တုံ့ပြန်ခဲ့ပြီး ဒီမှာ ဆက်နေဖို့ ဘယ်ကစားသမားကိုမှ ဆွဲဆောင်နေမှာ မဟုတ်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။ဂျာမန်နည်းပြ ဟာ ကစားသမားရဲ့ အေးဂျင့်ကနေ တဆင့် မာရှယ်နဲ့ အဆက်အသွယ်မလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မာရှယ် ဟာ ဒူးဒဏ်ရာကြောင့် ပဲလေစ့်၊နော၀စ်ခ်ျတို့နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေကို လွဲချော်ခဲ့ပြီး မနေ့က အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရက်ဂ်နစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။မာရှယ် ဟာ ဇန်နဝါရီမှာ ဆီဗီလာ ကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ရက်ဂ်နစ်ကတော့ သူ့အသင်းဟာ ကြီးမားတဲ့ အတွက် မာရှယ်ရဲ့ ပြောင်းရွှေ့မှုဟာ ကတ်ပြားပေါ်မှာ ရှိနေနိုင်တယ်လို့ အကြံပြုထားတာပါ။မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ရှေ့မှာ ရော်နယ်ဒို၊ဆန်ချိုနဲ့ ရက်ရ်ှဖိုဒ့် တို့ ရှိနေတာဖြစ်ပြီး မာရှယ် ဟာ (၁)ဂိုးသာ သွင်းယူထားတာဖြစ်ပါတယ်။

ဒါပေမယ့် မာရှယ်ရဲ့ လုပ်ခလစာ တပတ်ပေါင်(၂)သိန်းဟာ ဆီဗီလာ အတွက် ပြဿနာဖြစ်ဖွယ်ရှိနေပြီး အသင်းအနေနဲ့ ပြင်သစ်ကစားသမားကို ထွက်ခွာခွင့်ပေးမယ်ဆိုရင် လစာတစိတ်တပိုင်းကို ပေးချေရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။