မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အဓိက ကွာခြားပုံကို ရှင်းပြခဲ့တဲ့ လီ၀န်ဒေါစကီး

ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီ၀န်ဒေါစကီး ဟာ ပြီးခဲ့တဲ့ရာသီတွေက သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေနဲ့အတူ မက်ဆီ၊ရော်နယ်ဒို တို့ကို စိန်ခေါ်နိုင်ဖို့ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ပိုလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဥရောပရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို ဘောလွန်းဒီအောမှာလည်း ဒုတိယရခဲ့တာဖြစ်ပါတယ်။

လီ၀န်ဒေါစကီးဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ နှစ်တနှစ်ကို ဖြတ်သန်းခဲ့ပြီးနောက် ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ပြိုင်ဆိုင်မှုအပေါ်မှာလည်း သူ့ရဲ့ ရိုးသားတဲ့ အမြင်ကို ပေးခဲ့တာပါ။သူတို့(၂)ဦးဟာ အခြားသူတွေထက် သာလွန်တဲ့အဆင့်အတန်းမှာရှိနေတာကြာပြီဖြစ်ကြောင်းလည်း ၀န်ခံခဲ့တာဖြစ်ပါတယ်။

လီ၀န်ဒေါစကီး က “ကျွန်တော် ပရော်ဖက်ရှင်နယ် ဖြစ်လာပြီးတည်းက မက်ဆီနဲ့ ရော်နယ်ဒို တို့ဟာ အခြားသူတွေထက် သာလွန်ခဲ့ကြပါတယ်။သူတို့ကြားမှာလည်း အမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီ၀န်ဒေါစကီးဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့အကြား ကွာခြားမှုကိုလည်း ရှင်းပြခဲ့ပါတယ်။ပိုလန်တိုက်စစ်မှူးဟာ မက်ဆီ ကို သဘာ၀အတိုင်းအရည်အချင်းရှိသူအဖြစ် ရှုမြင်ခဲ့ပြီး ရော်နယ်ဒို ကို ကြိုးစားအားထုတ်မှုရှိသူအဖြစ် ရှုမြင်ခဲ့တာဖြစ်ပါတယ်။

လီ၀န်ဒေါစကီးက “ခင်ဗျားက ဘယ်လိုကစားမျိုးကို နှစ်သက်တာလဲ။ဒီမေးခွန်းရဲ့ အဖြေက ခက်ပါတယ်။ ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုကို လေးစားပါတယ်။မက်ဆီ အတွက်တော့ အရာအားလုံးက လွယ်ကူပုံရပါတယ်”

“အောင်မြင်မှုတွေရဖို့ အတွက် ရော်နယ်ဒို က ပိုပြီး ကြိုးစားရမယ်လို့ ကျွန်တော်ထင်ကြောင်း”ပြောခဲ့ တာဖြစ်ပါတယ်။ရော်နယ်ဒိုနဲ့ မက်ဆီ တို့ဟာ ပြီးခဲ့တဲ့ အပြောင်းရွှေ့တွေက ဂျုဗင်တပ်စ်နဲ့ ဘာစီလိုနာ ကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီ ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ(၁၅)ပွဲပါ၀င်ကစားပြီး (၆)ဂိုးသွင်းယူကာ (၅)ဂိုးဖန်တီးထားတာပါ။ရော်နယ်ဒို ကတော့ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၈)ပွဲကစားထားပြီး (၁၃)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးထားတာလည်းဖြစ်ပါတယ်။

လီ၀န်ဒေါစကီး ကတော့ ပြိုင်ပွဲစုံ(၂၅)ပွဲပါ၀င်ကစားထားပြီး ဂိုး(၃၀)သွင်းယူထားကာ (၃)ဂိုးဖန်တီးထားတာလည်းဖြစ်ပါတယ်။