အရပ်ရှည်တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်ထားနေတဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ယာယီနည်းပြ ရက်ဂ်နစ် က လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ မာတစ် ရဲ့နေရာကို အဓိက ဦးစားပေးအနေနဲ့ အစားထိုးဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ရက်ဂ်နစ် ဟာ အသင်းကို ပိုမိုအားကောင်းစေဖို့ ပြုလုပ်ချင်နေတာဖြစ်ပါတယ်။

ရက်ဂ်နစ် ဟာ ကွင်းလယ်မှာ ကစားသမားတဦးထည့်သွင်းဖို့ လိုအပ်ကြောင်း မှတ်ချက်ပြုထားဝာာဖြစ်ပြီး သူ့ရဲ့စိတ်ထဲမှာလည်း သီးခြားအရည်အသွေးတခုရှိနေတာလည်းဖြစ်ပါတယ်။ဖရက်ဒ် ဟာ မကြာသေးခင် ရက်သတ္တပတ်က ခြေစွမ်းပိုင်း သိသိသာသာတိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရက်ဂ်နစ် က ကွင်းလယ်မှာ ကြီးစိုးပြီး ချုပ်ကိုင်နိုင်ဖို့ အတွက် အရပ်ရှည်တဲ့ ကစားသမား လိုအပ်နေတယ်လို့ ခံစားနေရကြောင်း The Athletic က ဖော်ပြခဲ့တာပါ။ဘယ်လင်ဂမ်နဲ့ ဒီကလန်ရိုက်စ် တို့ဟာ မန်ချက်စတာယူနိုက်တက် ရဲ့ရေရှည်ပစ်မှတ်တွေဖြစ်ပေမယ့် သူတို့ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ဖွယ်မရှိတာပါ။

ရက်ဂ်နစ် ရဲ့လက်ထောက်နည်းပြသစ် အာမတ်စ် ဟာ လိုက်ပ်ဇစ်မှာ ကစားနေတဲ့ အမေရိကန်ကစားသမား အဒမ်စ် ကို သဘောကျနှစ်သက်နေပေမယ့် သူဟာ ဖရက်ဒ်နဲ့ ပုံစံချင်းဆင်တူနေတာဖြစ်ပါတယ်။

တိုမီနေးကလည်း ရက်ဂ်နစ် လက်ထက်မှာ အကောင်းဆုံးကစားပြနေပေမယ့် နည်းပြကတော့ မာတစ်ရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ထားခြင်းမရှိတာပါ။အပြောင်းအရွှေ့ဖွင့်ချိန်မှာ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကစားသမားနဲ့ ပတ်သက်ပြီးတော့လည်း ရက်ဂ်နစ်က မကြာသေးခင်က ပြောထားပါတယ်။

ရက်ဂ်နစ် က “ကျွန်တော့်အတွေ့အကြုံအရ ဆောင်းရာသီဟာ ရေရှည်တည်တံ့တဲ့ အပြောင်းအရွှေ့တွေအတွက် အကောင်း‌ဆုံးအချိန်မဟုတ်ပါဘူး။ခင်ဗျားရဲ့အရည်အသွေးကို ပိုပြီး အာမခံနိုင်တဲ့ ကစားသမားရရှိမယ်ဆိုရင်တော့ အသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့အရည်အသွေးနဲ့ သီအိုရီအရလည်း အဓိပ္ပါယ်ရှိမှာပါ”

“အတွေ့အကြုံအရတော့ ဆောင်းရာသီဟာ ခက်ခဲပါလိမ့်မယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူန်ုက်တက် အသင်းဟာ ကိုဗစ်ပြဿနာတွေကြောင့် မကြာသေးခင်ကမှ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီး နယူးကာဆယ်နဲ့ ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။