လေ့ကျင့်ရေးပွဲမှာ ရှုံးခဲ့တဲ့ ရော်နယ်ဒို ကို လှောင်ပြောင်ခဲ့တဲ့ မာတစ်နဲ့ ဘရူနိုဖာနန်ဒက်စ်

မာတစ်နဲ့ ဘရူနိုဖာနန်ဒတ်စ် တို့ဟာ လေ့ကျင့်ရေးပွဲကစားအပြီးမှာ ရော်နယ်ဒို ကို လှောင်ပြောင်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ကိုဗစ်ကူးစက်မှုတွေကြောင့် မကြာသေးခင်ကမှ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအပြီးမှာတော့ မာတစ် ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ ရော်နယ်ဒို ကို လှောင်ပြောင်ခဲ့တဲ့ ပို့စ်တင်ခဲ့တာပါ။လေ့ကျင့်ရေးကွင်းမှာ အနိုင်ရတဲ့ အသင်းရဲ့ ပုံကိုတင်ပြီး ရော်နယ်ဒို ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မာတစ် က “ဒါဟာ အနိုင်ရတဲ့အသင်းပါ။ခရစ်စတီယာနိုရေ အဆင်ပြေရဲ့လား?ဆိုပြီး ရယ်မောနေတဲ့ အီမိုဂျီတွေနဲ့ အတူ တင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုရဲ့ ကလပ်နဲ့ လက်ရွေးစင် အသင်းဖော် ဘရူနိုဖာနန်ဒတ်စ် ကလည်း ဒီပို့စ်အောက်မှာ နောက်ပြောင်နေတဲ့ မှတ်ချက်ရေးသွားခဲ့တာပါ။

ဘရုနိုဖာနန်ဒတ်စ် က “ရော်နယ်ဒိုရဲ့ ကျော်ကြားတဲ့ အောင်ပွဲခံမှုဖြစ်တဲ့ “SIUUUUUUUUU”ဆိုပြီး ရေးသွားခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နော၀စ်ခ်ျ အသင်းကို အနိုင်ရတဲ့ ဒီဇင်ဘာ(၁၁)ရက်တည်းက ပွဲစဉ်တွေ မကစားရသေးတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းတွင်း ကိုဗစ်ဖြစ်ပွားမှုတွေကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဖြစ်တဲ့ ဘရန်ဖိုဒ့်နဲ့ ဘရိုက်တန်ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် အသင်းဟာ လေ့ကျင့်မှုတွေ ပြန်လုပ်နေတာကြောင့် နယူးကာဆယ်နဲ့ ကစားမယ့်ပွဲမှာတော့ ပြန်လည်ယှဉ်ပြိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ယာယီနည်းပြ ရက်ဂ်နစ် ကိုင်တွယ်အပြီးမှာ ရလဒ်ကောင်းတွေ ရယူနေတာဖြစ်ပါတယ်။ရက်ဂ်နစ် ဟာ အသင်းကို ပွဲစဉ်(၃)ပွဲ က်ိုင်တွယ်ထားတာဖြစ်ပြီး (၂)ပွဲနိုင် (၁)ပွဲသရေကျထားတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်(၁၆)ပွဲကစားအပြီးမှာ ရမှတ်(၂၇)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။