EPL ကစားသမားတဦး ဟာ ယူနိုက်တက် ကို ပြောင်းဖို့ အခွင့်အရေးမရှိဘူးလို့ ပြောခဲ့တဲ့ ပေါလ်ရော်ဘင်ဆန်

လိဒ်စ်ယူနိုက်တက် အသင်းဂိုးသမားဟောင်း ပေါလ်ရော်ဘင်ဆန် က အသင်းရဲ့ ဂိုးသမားဖြစ်သူ မတ်စ်ဆလီယာ ဟာ လိဒ်စ် ကနေထွက်ခဲ့ရင်တောင် မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြင်သစ်ဂိုးသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ကောလဟာလ သတင်းတွေထွက်ပေါ်နေတာပါ။ဒါပေမယ့် ကလပ်အသင်း(၂)သင်းကြား သမိုင်း၀င်ပြိုင်ဆိုင်မှုဟာ ဆက်ဆံရေးမှာ ကြီးမားတဲ့ အချက်တွေဖြစ်ပေါ်စေနိုင်တာလည်းဖြစ်ပါတယ်။

လိဒ်စ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်နေရတာဖြစ်ပြီး နိုင်ပွဲ(၃)ပွဲ၊ပေးဂိုး(၃၆)ဂိုးနဲ့ အမှတ်ပေးဇယား အဆင့်(၁၆)နေရာမှာ ရပ်တည်နေတာပါ။မတ်စ်ဆလီယာ အနေနဲ့ လိဒ်စ် အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ယူနိုက်တက် ကိုမသွားပဲ အခြားအသင်းကို ရွေးချယ်မယ်လို့ ရော်ဘင်ဆန် က ယုံကြည်နေတာပါ။

ပေါလ်ရော်ဘင်ဆန် က “ဒီအပြောင်းအရွှေ့ဟာ မဖြစ်နိုင်ပါဘူး။မန်ချက်စတာယူနိုက်တက် ကို ပြောင်းဖို့ နည်းလမ်းမရှိပါဘူး။သူက အခုမှစာချုပ်ချုပ်ထားတာပါ။ကလပ်အသင်းကလည်း သူ့ကို ရောင်းချမှာမဟုတ်ပါဘူး။ သူတို့မှာ ဂိုးသမားနေရာအတွက် အစားထိုးစရာမရှိပါဘူး”

“အခုအချိန်မှာ မတ်စ်ဆလီယာနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ ကလပ်အသင်းအများအပြား ရှိနေပါလိမ့်မယ်။သူဟာ ရုန်းကန်နေရတဲ့ အသင်းမှာ အံသြစရာကောင်းအောင်လုပ်ဆောင်နေတာပါ။လိဒ်စ် ကနေ ထွက်ခဲ့မယ်ဆိုရင် မတ်စ်ဆလီယာ အနောက်မှာ အသင်းတွေအများကြီးရှိနေမှာပါ”

“သူဟာ မန်ချက်စတာယူနိုက်တက် ထက်အခြားတသင်းကို ရွေးချယ်မယ်ဆိုတာ ကျွန်တော် သံသယရှိပါတယ်။မတ်စ်ဆလီယာ ဟာ ထိပ်တန်းဂိုးသမားဖြစ်ဖို့ အရိပ်အယောင်တွေပြသနေပေမယ့် သူ့မှာ လုပ်ဆောင်ရမယ့်တာ၀န်တွေအများကြီးရှိနေပါသေးတယ်”

MANCHESTER, ENGLAND – DECEMBER 14: Illan Meslier of Leeds United during the Premier League match between Manchester City and Leeds United at Etihad Stadium on December 14, 2021 in Manchester, England. (Photo by Robbie Jay Barratt – AMA/Getty Images)

“စစ်မှန်တဲ့ စမ်းသပ်မှုတွေဟာ နောက်(၂)နှစ် ဒါမှမဟုတ်(၃)နှစ်အတွင်းမှာ ရောက်လာပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။မတ်စ်ဆလီယာ ဟာ (၂၀၁၉) က လော်ရီးယန့် အသင်းကနေ အငှားနဲ့ ရောက်လာခဲ့တာဖြစ်ပြီး (၂၀၂၀) မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။