ဖရီးကစ်ကန်သွင်းမှုကို GOAT အဆင့်ကနေ ဘောလုံးသမားမဟုတ်တဲ့ အထိသတ်မှတ်ခဲ့တဲ့ စစ်တမ်း

လိုင်ယွန် အသင်း ကွင်းလယ်ကစားသမား ဂျုနင်ဟို ဟာ ပြစ်ဒဏ်ဘောကန်သွင်းရာမှာ အကျွမ်းကျင်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။အဲ့ဒါကြောင့် သူဟာ ဒေးဗစ်ဘက်ခမ်းနဲ့ မက်ဆီ တို့ကို ကျော်ဖြတ်ပြီး ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

SPORTbible ဟ အခုခေတ်ရဲ့ အကောင်းဆုံးပြစ်ဒဏ်ဘောကန်သွင်းတဲ့ သူကို သတ်မှတ်ဖို့ အတွက် TierMaker ကို အသုံးပြုခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကစားသမားဟောင်းကပဲ ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့ တာပါ။ဂျူနင်ဟို ဟာ (၂၀၁၃)က ကစားသမားဘ၀ကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ဂျုနင်ဟို ဟာ ပြစ်ဒဏ်ဘောကနေ (၇၅)ဂိုးတိုက်ရိုက်ဂိုးသွင်းပြီး ကမ္ဘာ့စံချိန်တင်ထားတာဖြစ်ပါတယ်။ဂျုနင်ဟို ရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ခံရတဲ့ အဓိက ပြိုင်ဘက်တွေကတော့ ဒေးဗစ်ဘက်ခမ်း၊မီဟိုင်းလိုဗစ်၊ပီယာလို၊မက်ဆီတို့ ဖြစ်ပြီး သူတို့တွေဟာ ပြစ်ဒဏ်ဘောကနေ ပုံမှန်ဂိုးသွင်းယူနေကြတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ရောဘတ်တိုကားလို့စ်တို့ကိုတော့ သာမန်အဆင့်လောက်ပဲ သတ်မှတ်ခဲ့တာပါ။ရော်နယ်ဒို ဟာ ပေါ်တူဂီနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့အတွက် ပြစ်ဒဏ်ဘောကနေ ကမ္ဘာ့အဆင့်သွင်းဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို ဟာ နှစ်ပေါင်းအတော်ကြာအောင် ဥရောပမှာ ပြစ်ဒဏ်ဘောကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်မှုအညံဆုံးဖြစ်ခဲ့တာပါ။ရော်ဘတ်တိုကားလို့စ် ကလည်း ပြစ်သစ်နဲ့ပွဲမှာ မယုံနိုင်စရာကောင်းတဲ့ ပြစ်ဒဏ်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ကန်ချက်တွေဟာ ဂိုးပေါက်ထဲကို သွားတာထက် ကာရံထားတဲ့သူတွေနဲ့ ပရိသတ်တွေကို အန္တရယ်ပိုပြီးဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။

သူတို့(၂)ဦးနဲ့ အတူ ဒီအဆင့်သတ်မှတ်ချက်မှာ ဂျရတ်နဲ့ ရွန်နီ တို့လည်းပါ၀င်နေတာပါ။သူတို့(၂)ဦးဟာ ပွဲပေါင်း(၅၀၀)၀န်းကျင် ကစားခဲ့ရာမှာ ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်ဘောကနေ (၇)ဂိုးသာသွင်းယူနိုင်ခဲ့ တာဖြစ်ပါတယ်။SPORTbible က သတ်မှတ်ထားတဲ့ အဆင့်သတ်မှတ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အမြဲတမ်းအကောင်းဆုံး ကတော့ ဂျုနင်ဟို၊ကမ္ဘာ့အဆင့်မှာတော့ ဒေးဗစ်ဘက်ခမ်း၊မက်ဆီ ၊မီဟိုင်းလိုဗစ်၊ပီယာလို၊အလွန်ကောင်းမွန်တဲ့ အဆင့်မှာတော့ မာတာ၊ယာနစ်၊အွန်နရီ၊လာဆင်၊ရော်နယ်ဒင်ဟိုနဲ့ ဇိုလာတို့ ပါ၀င်နေတာဖြစ်ပါတယ်။

ကောင်းတဲ့အဆင့်မှာတော့ ဘေးလ်၊ဒရော့ဘာ၊မက်ဒီဆင်၊ဒီဘရိုင်း၊အဲရစ်ဆန်၊ဆီဂတ်ဆန်၊ ဒယ်လ်ပီယာရို၊ အလာဘာနဲ့ ၀က်စ်ပရောက်စ် တို့ဖြစ်ပြီး သာမန်အဆင့်မှာတော့ ရော်နယ်ဒို၊ရောဘတ်တိုကားလို့စ်၊ဝိန်းရွန်နီနဲ့ စတီဗင်ဂျရတ်တို့ပါ၀င်နေတာပါ။အညံဆုံးမှာတော့ ဘာလော့တယ်လီ၊အီလီချစ်၊ရီိကိုးဘား၊ဒီပိုင်းနဲ့ ဘောလုံးသမား မဟုတ်တဲ့သူတွေထဲမှာ ရော်ဘတ်ဟုခ်ျနဲ့ စီယာနိုတို့ ပါ၀င်နေတာဖြစ်ပါတယ်။