ချန်ပီယံလိဂ်သာရခဲ့ရင် အခုအချိန်အနားယူပြီးနေပြီလို့ ဆိုခဲ့တဲ့ ဘူဖွန်

၀ါရင့်ဂိုးသမားကြီးတဦးဖြစ်တဲ့ ဘူဖွန်က ချန်ပီယံလိဂ်ဖလားသာ ရခဲ့မယ်ဆိုရင် အခုအချိန် ကစားသမားဘ၀ကနေ အနားယူနေပြီဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ဒါ့အပြင် ကစားသမားဘ၀က အနားမယူခင် မြောက်အမေရိကမှာ သွားရောက်ကစားချင်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဘူဖွန်ဟာ လာမယ့်လမှာ အသက်(၄၄)နှစ်ပြည့်မှာဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ကစားချင်တဲ့ ဆန္ဒရှိနေ ဆဲဖြစ်ပါတယ်။ဘူဖွန်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ငယ်ဘ၀ကလပ်အသင်းဖြစ်တဲ့ ပါးမား အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဒါပေမယ့် ဘူဖွန်ဟာ သူနဲ့ မရင်းနှီးတဲ့ ပတ်၀န်းကျင်ဆီ ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေတာပါ။ဘူဖွန် က “ကျွန်တော် မက္ကဆီကို ဒါမှမဟုတ် အမေရိကန် မှာ ကစားချင်ပါတယ်။ဒါပေမယ့် ချန်ပီယံလိဂ်ဖလားရခဲ့ရင်တော့ ဒါကို ရပ်တန့်သွားမှာပါ”

“ဒါက အတွေအကြုံတွေဖြစ်ပြီး ဒါကို စမ်းသပ်ချင်ပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။အနာဂတ်မှာ ဘာလုပ်မလဲဆိုတာမေးရင် မန်နေဂျာ ဒါမှမဟုတ် နည်းပြလုပ်မလားဆ်ိုတဲ့ အမှန်တရားကို မသိသေးပါဘူး”

“အခု ကျွန်တော်လုပ်ချင်တာက ဆက်ပြီးတိုးတက်ဖို့ပါပဲ၊ဒါကို ကျွန်တော်သိပါတယ်။ချန်ပီယံလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်သေးတာက ကျွန်တော့်ရဲ့ ပြိုင်ဆိုင်မှုစိတ်ဓါတ်ကို ပိုပြီး ရှင်သန်စေပါတယ်။ချန်ပီယံလိဂ်ရခဲ့ရင်တော့ ကျွန်တော်အနားယူပြီးဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်မှာ အရေးကြီးတဲ့ နောက်ထပ်ရည်မှန်းချက်တွေ မရှိတော့လို့ပါပဲ”လို့ ဆိုခဲ့ပါတယ်။ဘူဖွန် ဟာ ကမ္ဘာ့ဖလားအပါအ၀င် ကစားသမားဘ၀မှာ ဆုဖလားပေါင်း(၂၈)ခု ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်တော့ မရယူနိုင်သေးတာဖြစ်ပါတယ်။

ဘူဖွန်ဟာ ချန်ပီယံလိဂ်မှာ ဒုတိယ(၃)ကြိမ်သာရယူနိုင်ခဲ့တာပါ။အီတလီဂိုးသမားကြီးဟာ ချန်ပီယံလိဂ်ကို ရယူမယ့် မျှော်လင့်ချက်နဲ့ ပီအက်စ်ဂျီ ကို ပြောင်းခဲ့ပေမယ့် လီဂူး၀မ်းဆုတံဆိပ်သာရယူပြီး ပြန်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။