ပရိသတ်တွေ မပါတဲ့ ကွင်းထဲမှာ ဘောလုံးပြန်ကစားရမှာကို စိုးရိမ်နေတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးတာ၊မျက်နှာဖုံးတပ်ဆင်တာတွေ စတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ပရိသတ်တွေမပါ၀င်တဲ့ ကွင်းထဲမှာ ပြန်ကစားရမှာကို စိုးရိမ်မိတယ်လို့ ပြောလိုက်ပါတယ်။

မန်စီးတီး နည်းပြ က လူဦးရေတွေအနေနဲ့ သူတို့ရဲ့ အလေ့အထကို မပြောင်းလဲဘူးဆိုရင် ရောဂါဖြစ်ပွားမှုနှုန်းတွေ ဆက်လက်တိုးလာနိုင်တာကြောင့် ဘောလုံးလောကရဲ့ အန္တရာယ်တခုကို (၂၀၂၂)မှာ ကြည့်ရမယ်လို့ ထင်ကြောင်းလည်းပြောခဲ့ဝာာပါ။

ဂွာဒီယိုလာ က “ကျွန်တော် တံခါးပိတ်ပြီး ကစားရတာကို ထပ်ပြီး မလိုချင်တော့ပါဘူး။လူတွေမပါ၀င်ဘဲ ကစားရတာ ဘယ်လောက်ကွာခြားလဲဆိုတာကို စိတ်ကူးနဲ့တောင် တွေးလို့မရပါဘူး။ဘောလုံးကစားပြီး လစာတွေရလို့ ကျေးဇူးတင်ရပေမယ့် ဒီလိုမျိုးထပ်မဖြစ်ဖို့ တော့ မျှော်လင့်ပါတယ်။အားကစားကွင်းမှာရှိတဲ့လူတွေဟာ မျက်နှာဖုံးတွေတောင် မတပ်ဆင်ချင်ကြတော့သလို သူတို့ကြောင့်လည်း ညစ်ညမ်းစေနိုင်ပါတယ်”

“ကျွန်တော့်အတွက် အံသြစရာ အကောင်းဆုံးကတော့ ကုန်တိုက်ကိုသွားတာရယ်၊ မိသားစုအတွက် လက်ဆောင်၀ယ်လို့ရမယ့် နေရာကို သွားတဲ့အချိန်မှာ ဘယ်သူမှမျက်နှာဖုံးတောင် မတပ်ဆင်ကြတော့ပါပဲ။သိပ္ပံပညာရှင်တွေက အစောတည်းက မျက်နှာဖုံးတပ်ဆင်ပြီး နဲ့ လက်သန့်ဆေးရည် ကို ဆောင်ထားရင် ဒါကို ကာကွယ်နိုင်တယ်လို့ ပြောထားပါတယ်”

“ကာကွယ်ဆေးထိုးတာ၊လက်သန့်ဆေးရည် အသုံးပြုတာ၊လူစူလူဝေးမနေတာနဲ့ မျက်နှာဖုံးတပ်ဆင်တာတွေကို ပြန်စလုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ဒီလိုနည်းနဲ့ စားသောက်ဆိုင်တွေ ဖွင့်ထားနိုင်သလို၊ဘောလုံးပွဲတွေလည်း ဆက်လက်ပြီး ယှဉ်ပြိုင်နိုင်ပါတယ်”

”ဒါက အလုံခြုံဆုံးဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးကြပါ။လူတွေအနေနဲ့ ကာကွယ်ဆေး ထိုးရင် မသေနိုင်ပေမယ့်၊လူ‌တွေအ‌ နေနဲ့ကာကွယ်ဆေးမထိုးရင်တော့ သေသွားနိုင်ပါတယ်။ကျွန်တော်တို့ ဒါကိုလုပ်ဖို့ ကြိုးစားရပါမယ်။ ဒါမှမဟုတ်ရင် နောက်ထပ်အတားအဆီးတွေဖြစ်တဲ့ ဘောလုံးပွဲတွေကို တံခါးပိတ်ပြီး ကျင်းပရမှာပါ။ဒါတွေဟာ ထပ်ခါထပ်ခါကို ဖြစ်နေဦးမှာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် မှာ ကိုဗစ်ကူးစက်မှုတွေ ပြင်းထန်နေတာကြောင့် ပွဲစဉ်တွေအများအပြားကို ရွှေ့ဆိုင်းနေရပြီး ဒီနေ့မှာ ကစားမယ့် ပွဲစဉ်အချို့ကိုလည်း ရွှေ့ဆိုင်းထားရတာဖြစ်ပါတယ်။