နယူးကာဆယ်နဲ့ပွဲမတိုင်ခင် (၁၉) သင်းအားလုံး ကြောက်လန့်သွားမယ့်စကားကို ပြောလိုက်တဲ့ မာတစ်

ယူနိုက်တက် ကွင်းလယ်ကစားသမား မာတစ်က ပွဲဆက်ပြတ်နေတဲ့ ယူနိုက်တက် ကစားသမားတွေက နယူးကာဆယ်နဲ့ ကစားမယ့်ပွဲကို မစောင့်နိုင်တော့အောင်ဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ အသင်းတွင်း ကိုဗစ်ကူးစက်မှုတွေကြောင့် ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ကစားမယ့် ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရပြီး အခု နယူးကာဆယ်နဲ့ ပွဲမှသာ ပုံမှန် အတိုင်း ပြန်လည် ကစားဖြစ်တော့မှာပါ။

ဘောက်ဆင်းဒေးပွဲစဥ်အဖြစ် နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ ရင်ဆိုင်ကြမှာဖြစ်ပြီး ဒီအပေါ်မှာတော့ မာတစ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

မာတစ်က “ဒါပေါ့ဗျာ။ ကျနော်တို့ ပွဲအရမ်းကစားချင်နေပြီ။ ခင်ဗျားတို့လည်း သိတဲ့အတိုင်း ကျနော်တို့က ကိုဗစ်ဒဏ်ခံစားခဲ့ရတယ်။ နောက်ဆုံးမှာတော့ ကျနော်တို့ အားလုံး ပြန်လာနိုင်ပါပြီ”

“ကျနော်တို့ နယူးကာဆယ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ တခါတလေကျရင် အနားရတာက ကောင်းပါတယ်။ ဒါပေမယ့် ကိုဗစ်ဖြစ်တာတော့ မကောင်းဘူးပေါ့။ ဒီတော့ ကျနော်တို့က ကစားရတာကိုပဲ သဘောကျပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသင်းရဲ့ ရာသီကုန် မျှော်လင့်ချက်နဲ့ ပတ်သက်လို့လည်း မာတစ်က “အခု ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိနေတဲ့ အသင်းတွေ အများကြီးပါ။ အသင်းတိုင်းက ထိပ်တန်းကစားသမားတွေနဲ့ တိုးတက်လာပါတယ်”

“ကျနော်တို့ကလည်း ထိပ်သီး (၄) သင်းစာရင်းဝင်ချင်တယ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားကို လိုချင်တယ်၊ စောင့်ကြည့်ရမှာပေါ့။ ဒါက ကျနော်တို့ရဲ့ ပစ်မှတ်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။