အားလုံး ရူးသွားမယ့် စံချိန်ကောင်းတခုကို (၂၀၂၁) မှာ ပိုင်ဆိုင်သွားတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၂၀၂၁) မှာ အသင်း (၃) သင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကြီးတခုကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၃) ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။

ဒါဟာ (၂၀၂၁) အတွင်း ယူနိုက်တက်အတွက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်စေခဲ့ပြီး အသင်းဟောင်း ဂျူဗင်တပ်စ်မှာလည်း ရော်နယ်ဒိုက (၂၀၂၁) ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် သွင်းဂိုး (၂၀) သွင်းယူပေးနိုင်ခဲ့ပြီး အနီးစပ်ဆုံး မိုရာတာကတော့ သူ့ရဲ့ စံချိန်ကို လိုက်မှီနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် ရော်နယ်ဒိုက ပေါ်တူဂီအတွက် နိုင်ငံတကာသွင်းဂိုး (၁၃) ဂိုး အထိ သွင်းယူခဲ့ပြီး ပေါ်တူဂီမှာလည်း သူ့ထက် ဂိုးပိုသွင်းထားနိုင်တဲ့ ကစားသမားမရှိခဲ့ပါဘူး။

ရော်နယ်ဒိုနဲ့ နိုင်ငံတကာ ကစားသမားဘဝ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း (၂၀၂၁) မှာ မှတ်တမ်းတင်နိုင်ခဲ့ပြီး အခုလိုမျိုး တနှစ်အတွင်း မတူညီတဲ့ အသင်း (၃) သင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ စံချိန်ကလည်း ရိုက်ချိုးဖို့ ခက်ခဲတဲ့ စံချိန်တခုဖြစ်ခဲ့ရပါပြီ။