ဖလော်ရီယန်ဝါ့တ်စ် ကို ယူနိုက်တက် အတွက် ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်း ယာယီနည်းပြ ရက်ဂ်နစ် ဟာ ပေါင်သန်း(၆၀)တန်ကြေးရှိတဲ့ လေဗာကူဆင် ဆယ်ကျော်သက်ကစားသမား ဖလော်ရီယန်ဝါ့တ်စ် ကို ခေါ်ယူဖို့ အရှိန်မြင့်ကြိုးစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရက်ဂ်နစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို လက်ရှိအချိန်မှာ ရာသီအကုန်ထိသာ ကိုင်တွယ်ရမှာ ဖြစ်ပေမယ့် သူလိုချင်တဲ့ ဘွန်ဒစ်လီဂါလူငယ်ကစားသမားတွေကို စာရင်းပြုစုထားတာပါ။ဒါပေမယ့် ရက်ဂ်နစ် ရဲ့ နံပတ်(၁) ပစ်မှတ်ကတော့ လေဗာကူဆင် ကစားသမား ဖလော်ရီယန်ဝါတ့်စ် ဖြစ်ပါတယ်။

ဖလော်ရီယန်ဝါ့တ်စ် ဟာ ဆယ်စုနှစ်တခုအတွင်း အကောင်းဆုံးဂျာမန်လူငယ်ကစားသမားအဖြစ်လည်း သတ်မှတ်ခံထားရတာပါ။လေဗာကူဆင် ကစားသမားဟာ ဥရောပထိပ်တန်းအသင်းအချို့ရဲ့ ပစ်မှတ်ကစား သမားတွေအဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဖလော်ရီယန်ဝါ့တ်စ် ကတော့ ဘွန်ဒစ်လီဂါမှာ သူ့ရဲ့ ကစားပုံကို တိုးတက်အောင်ပြုလုပ်ချင်တယ်လို့ အရိပ်အမြွက်ပြောထားတာပါ။ရက်ဂ်နစ် ကတော့ ဖလော်ရီယန်ဝါ့တ်စ် ကို မန်ချက်စတာယူနိုက်တက် အသင်းမှာ ဒီအခွင့်အရေးကို ပေးပြီး ဒီဆုံးဖြတ်ချက်ကို စမ်းသပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အိုးထရက်ဖိုဒ့်မှာ ဒီလိုအခွင့်အရေးမျိုးကို ကစားသမားအနေနဲ့ ငြင်းပယ်ဖို့ ခက်ခဲနိုင်တာလည်းဖြစ်တယ်လို့ သတင်းမှာ ဆိုပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ လိုက်ပ်ဇစ် က ဟိုင်ဒါရာနဲ့ မာဆေးလ် အသင်းက ကာမာရာတို့ကိုလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။ဒါပေမယ့် ဖလော်ရီယန်ဝါ့တ်စ် ကတော့ နံပတ်(၁)ဦးစားပေးဖြစ်ပါတယ်။

ဂျာမန်ကစားသမားဟောင်း ဟာမန်းက သူတွေ့ဖူးသမျှထဲမှာ လေဗာကူဆင် ကစားသမားဟာ အကောင်းဆုံး ဗဟိုကွင်းလယ်လူဖြစ်တယ်လို့ ပြောထားတာပါ။ဖလော်ရီယန်ဝါ့တ်စ် ဟာ အခုလိုခြေစွမ်းတွေကြောင့် ဂျာမန်လက်ရွေးစင် အသင်းကြီးမှာလည်း ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

ရက်ဂ်နစ် ဟာ ဖလော်ရီယန်ဝါ့တ်စ် အပါအ၀င် နောက်ထပ်လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ မိုချန်ဂလာဘတ် ဘယ်နောက်ခံလူ နတ်စ်ဇ်၊လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား မာတယ်လ်နဲ့ ဘိုချန် အသင်း ဗဟိုနောက်ခံလူ ကော့တ်ချက်ပ် တို့ဖြစ်တယ်လို့ သိရပါတယ်။