ရီစီဂျိမ်းစ်ရဲ့ OG လောက်ထုံထိုင်းတဲ့ပုံစံမျိုးမရှိဘူးလို့ ဝေဖန်ခံနေရ

မနေ့ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ချဲလ်ဆီးတို့ရဲ့ ဘောက်ဆင်းဒေးပွဲစဥ်မှာ ဧည့်သည် ချဲလ်ဆီးက ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီနှစ်ဂိုးအပါအဝင် လူကာကူရဲ့ သွင်းဂိုးတဂိုးနဲ့အတူ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာကတော့ ဒီပွဲမှာ ဦးဆောင်ဂိုးအရင်သွင်းတဲ့အသင်းဖြစ်ခဲ့ပြီး တာဂတ်ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရီစီဂျိမ်းစ် ခေါင်းတိုက်ဟန့်တားရာကနေ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။

ဒါပေမယ့် ချဲလ်ဆီးတို့ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီချေပဂိုး ချက်ချင်းပြန်ရလိုက်တာက ကံကောင်းခဲ့ပြီး ပထမပိုင်းမှာ အက်စတွန်ဗီလာရဲ့ ကစားပုံက ပိုမို ထိရောက်မှုရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ လူကာကူရဲ့ ဦးဆောင်ဂိုး၊ ဂျော်ဂျင်ဟိုရဲ့ ပွဲသိမ်း ပင်နယ်တီဂိုးတွေကို ထပ်မံရရှိခဲ့တာကြောင့် ချဲလ်ဆီးတို့ နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။

ဒါပေမယ့်လည်း ဂျေမီရက်နက်ပ်ကတော့ “ရီစီဂျိမ်းစ်ကို ကြည့်လိုက်စမ်းပါ။ သူက ဒီဖြတ်တင်ဘောကို ဟန့်တားဖို့ လုံလောက်တဲ့ လျင်မြန်မှုမရှိခဲ့သလို နေရာယူထားပုံစံကလည်း မကောင်းပါဘူး”

“ဒါက ချဲလ်ဆီးနောက်တန်းရဲ့ ထုံထိုင်းတဲ့ ခံစစ်ကစားပုံမျိုးပါပဲ” လို့ ဝေဖန်သွားခဲ့ပါတယ်။ ဒါ့အပြင် ဂျေမီရက်နက်ပ်က ဒီဂိုးအတွက် ဂိုးသမား မန်ဒီကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။

ဂျေမီရက်နက်ပ်က “ဂိုးသမားအနေနဲ့လည်း ပိုကောင်းအောင် လုပ်ပြနိုင်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲတုန်းကလည်း ဒီလိုမျိုး အနီးထောင့်ကနေ ဂိုးပေးလိုက်ရပြီး အခုလည်း ပုံစံတူပါပဲ“

“ဘောလုံးက တော်တော်မြင့်မြင့်ကနေ ရောက်လာပြီး ဒါက သူ့အတွက် မထင်မှတ်ထားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာတော့ ဒီလိုအရာတိုင်းအတွက်  အမြဲတမ်း အဆင်သင့်ဖြစ်နေရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။