ငါတို့က မုဆိုးတွေဆိုပြီး EPL ဆုဖလားအတွက် မန်စီးတီးနဲ့ လီဗာပူးလ် ကို သတိပေးလိုက်တဲ့ လူကာကူ

လူကာကူ ဟာ အက်စတွန်ဗီလာ ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီး အတွက် ဒုတိယပိုင်းမှာ လူစား၀င်ကစားခဲ့ပြီး အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူကာ ခြေစွမ်းပြသသွားခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီနိုင်ပွဲကြောင့် မန်စီးတီး၊လီဗာပူးလ်တို့နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရယူနိုင်ဖို့ ပြိုင်ဆ်ိင်မှုတွေမှာ အသက်၀င်နေတာလည်းဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ဒိ်ီနိုင်ပွဲကြောင့် ဒုတိယနေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ်တူ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ (၆)မှတ်ကွာဟနေပြီး တတိယနေရာမှာ ရပ်တည်နေတာပါ။

အက်စတွန်ဗီလာနဲ့ ပွဲအပြီးမှာ လူကာကူ ကို ပရီးမီးယားလိဂ်ဆုဖလားနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “ကျွန်တော်တို့ အခုမုဆိုးတွေဖြစ်နေပါပြီ။နောက်ဆုံးရလဒ်က ကျွန်တော်တို့အတွက် အကောင်းဆုံး မဟုတ်သေးပါဘူး။အခု ကျွန်တော်တို့ မှီအောင်လိုက်ရပါမယ်”

“ကျွန်တော်တို့အတွက် ရာသီကုန်ချိန်အထိ ပွဲတိုင်းက ဗိုလ်လုပွဲပါပဲ။ပရီးမီးယားလိဂ်ရဲ့ပွဲတိုင်းက အလွန်ခက်ခဲတာကြောင့် သူတိ်ု့ကို ဗိုလ်လုပွဲလိုမျိုးကစားရပါမယ်။အခုအနိုင်ရခဲ့တဲ့အတွက် ဒါကို တွန်းအားပေးပြီး ဆက်လက်လိုက်နေရမှာပါ”

“အက်စတွန်ဗီလာ က တကယ်ကိုကောင်းမွန်တဲ့အတွက် သူတို့နဲ့ ကစားရတာ ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး။အခု ကျွန်တော်တို့ဟာ တွန်းအားပေးပြီး ပွဲတိုင်းကို ဗိုလ်လုပွဲလိုဖြစ်ရမယ်ဆိုတာကို သေချာအောင် လုပ်ရပါမယ်။အနိင်ရဖို့ ဒါပါပဲ”

“ဒီနေ့ ဒီလိုမျိုးစွမ်းဆောင်ရည်လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ပွဲကို အဆုံးသတ်ဖို့ ခက်ခဲပြီး ကစားသမားတိုင်းက ကွင်းထဲမှာ ရှိချင်ကြပါတယ်။ဒီပွဲမှာ ကျွန်တော်ဟာ ကြိုးစားလုပ်ဆောင်ခဲ့ပြီး ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေအတွက် ကျေနပ်ပါတယ်။ဒါကို ဆက်လက်ပြီး တွန်းအားပေးချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လူကာကူ အတွက်တော့ အက်စတွန်ဗီလာနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ စက်တင်ဘာ(၁၁)ရက်နောက်ပိုင်း သူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်ခဲ့တာပါ။ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ အင်တာ ကနေ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူ ဟာ ချယ်လ်ဆီးအတွက် (၁၇)ပွဲပါ၀င်ကစားပြီး (၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။