ခရစ္စမတ်လက်ဆောင်နဲ့ ရော်နယ်ဒို ကို စပို့တင်း ပြန်သွားဖို့ ဆွဲဆောင်ခဲ့တဲ့ မိခင်ဖြစ်သူ ဒိုလိုရတ်စ်

ရော်နယ်ဒို ရဲ့ မိခင်ကတော့ သူ့သားကို စပို့တင်းအသင်းထံ ကို ပြန်သွားနိုင်အောင် ခရစ္စမတ်လက်ဆောင်နဲ့ ဆွဲဆောင်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ ဟာ စပို့တင်းလစ္စဘွန်းအသင်းဆိုင်ကနေ ၀ယ်ယူခဲ့တဲ့ ပစ္စည်းကို ခရစ္စမတ်သစ်ပင်မှာ ပေါ်လွင်အောင် ထားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့မိခင် ဒီလို ပြုလုပ်မှုကို စပို့တင်းလစ္စဘွန်း အသင်း ပရိသတ်တွေက ချီူကျုးခဲ့ကြတာလည်းဖြစ်ပါတယ်။အသက်(၆၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒိုလိုရတ်စ် ဟာ နှစ်သစ်ကူးမှာ ရော်နယ်ဒို ကို ငယ်ဘ၀ကလပ် စပို့တင်းလစ္စဘွန်းအသင်းထံ ပြန်ရောက်စေချင်တဲ့ အချက်ကို လှို့ဝှက်ထားခြင်းမရှိတာပါ။

ဒိုလိုရတ်စ် ဟာ ရော်နယ်ဒို ကို စပို့တင်းလစ္စဘွန်းအသင်းမှာ ပြန်ကစားစေဖို့ စိတ်အားထက်သန်နေ တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် မကစားခင် စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။ဒိုလိုရတ်စ် ဟာ သူမ မသေခင်မှာ ရော်နယ်ဒို ပေါ်တူဂီကလပ်မှာ ကစားတာကို မြင်ချင်တယ်လို့ မကြာသေးခင်ကပြောထားပါသေးတယ်။

ဒိုလိုရတ်စ် က “ကျမ သူ့ကို ပြောပြီးပါပြီ။အမေမသေခင် မင်း စပို့တင်းမှာ ကစားတာ ပြန်တွေ့ချင်တယ်”လို့ ပြောခဲ့တာပါ။စပို့တင်းလစ္စဘွန်းလို့ အတိုကောက်ရေးထားတဲ့ SCP စာတမ်းပါ အစိမ်းရောင်အိတ် ဟာ ရော်နယ်ဒို တို့မိသားစု လက်ခံရရှိတဲ့ လက်ဆောင်အများအပြားထဲက ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာပါ။

ရော်နယ်ဒို ဟာ အနီရောင်၀တ်စားဆင်ယင်မှုနဲ့ အတူ ပျော်ရွှင်ဖွယ် ခရစ္စမတ်လို့ ဆန္ဒပြုထားတဲ့ စာသားကို သူ့ရဲ့ ပရိသတ်ပါင်း(၃၈၁)သန်းရှိတဲ့ အင်စတာဂရမ်မှာ တင်ခဲ့ရာမှာ အဆိုပါ ခရစ္စမတ်သစ်ပင်လည်း ပါ၀င်ခဲ့တာဖြစ်ပါတယ်။ဒိုလိုရတ်စ် ဟာ စက်တင်ဘာလက သူ့ရဲ့ သားကို စပို့တင်းလစ္စဘွန်းအသင်းထံ ပြန်လာကစားဖို့ တောင်းဆိုခဲ့တယ်လို့ ၀န်ခံထားခဲ့ပါတယ်။

ရော်နယ်ဒို ဟာ အသက်(၁၈)နှစ်အရွယ် (၂၀၀၃) က မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မိခစ်ဖြစ်သူက ချစ်တာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ကုန်ချိန်မှာ စပို့တင်းအသင်းမှာ သွားကစားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ရော်နယ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန် မနက်ပိုင်းမှာ နယူးကာဆယ်၊ကြာသပတေးနေ့မှာ ဘန်လေ အသင်း တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။