ဟာလန်း အပြောင်းချင်ဆုံးလိဂ်ကို ပြောပြခဲ့တဲ့ ဂျာနယ်လစ် ဒီမာဇီယို

ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာလန်းက ပရီးမီးယားလိဂ်ထက် လာလီဂါ ကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။နော်ဝေတိုက်စစ်မှူးရဲ့ အခုနှစ်ရာသီအကုန်မှာ အသက်၀င်မယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၄)သန်းကြောင့် အသင်းကြီးအများအပြားက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကလွဲပြီး ဟာလန်းကို စိတ်၀င်စားတဲ့ အသင်းအများစုဟာ အင်္ဂလန်နဲ့ စပိန်ကဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊မန်စီးတီး၊ချယ်လ်ဆီး၊ရီးရယ်လ်နဲ့ ဘာစီလိုနာ အသင်းတို့က သူ့ကို ခေါ်ယူဖို့ အပြိုင်ကြိုးစားနေကြတာပါ။

ဂျာနယ်လစ် ဒီမာဇီယို ကတော့ အသက်(၂၁)နှစ်အရွယ်ရှိ ဟာလန်း အတွက် ပရီးမီးယားလိဂ်က စိတ်ကြိုက်နေရာမဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ဒီမာဇီယိုက “သူဟာ ပရီးမီးယားလိဂ်ကို သိပ်ပြီး သဘောမကျပါဘူး”

“ဒါက သူ့အိမ်မက် အတိအကျတော့မဟုတ်ပါဘူး၊လာလီဂါမှာတော့ သူကစားဖို့ ပြီးပြည့်စုံတဲ့ ပတ်၀န်းကျင်ပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကလည်း လီ၀န်ဒေါစကီးရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ ဟာလန်းကို ပစ်မှတ်ထားနေတာပါ။

ဒါပေမယ့် ဘိုင်ယန်မြူးနစ် အသင်း စီအီးအို အိုလီဗာခန်းကတော့ လာမယ့် (၂၀၂၂)မှာ ဟာလန်းကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကိုတော့ ငြင်းပယ်ထားတာဖြစ်ပါတယ်။

ဟာလန်း ဟာ ဒီရာသီ ပြိုင်ပွဲစုံ(၁၅)ပွဲကစားအပြီးမှာ (၁၉)ဂိုးသွင်းယူထားတာပါ။ဒါ့အပြင် ဟာလန်း ဟာ ဒေါ့မွန် အတွက် (၇၅)ပွဲကစားထားပြီး (၇၆)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။

ဟာလန်းရဲ့အေးဂျင့် ရွိုင်အိုလာ ကတော့ သူ့ရဲ့ကစားသမားဟာ ဘိုင်ယန်မြူးနစ်၊ရီးရယ်လ်၊ဘာကာ နဲ့ မန်စီးတီး အသင်းတွေထံ ပြောင်းရွှေ့နိုင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။