ဇန်နဝါရီမှာ ရီးရယ်လ် ကို ပြောင်းမှာမဟုတ်ဘူးလို့ အတိအလင်းပြောခဲ့တဲ့ ဘတ်ပီ

ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး ဘတ်ပီ ဟာ အခုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ရီးရယ်လ် ကို ပြောင်းမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ဘတ်ပီ နဲ့ ပီအက်စ်ဂျီ တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဇန်နဝါရီမှာ ဘတ်ပီ ကို ခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ ကစားသမားနဲ့ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်လို့ရမှာဖြစ်ပြီး အကြိုစာချုပ်ပါ ချုပ်ဆိုလို့ရမှာဖြစ်ပါတယ်။

ဘတ်ပီ က ခေါ်ယူဖို့ ရီးရယ်လ် အသင်းက အပြင်းအထန်ကြိုးစားနေတာဖြစ်ပြီး ကစားသမားကလည်း စပိန်ကလပ်ကို ပြောင်းရွှေ့ချင်နေတာပါ။ဒါပေမယ့် ဘတ်ပီ ကတော့ ဇန်နဝါရီမှာ ပြောင်းမှာမဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းမှာ စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်ထိ အနည်းဆုံးဆက်ရှိမှာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် ပြင်သစ်ကစားသမားဟာ ရာသီကုန်မှသာ ပီအက်စ်ဂျီ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေတာပါ။

December 12, 2021, Paris, France, France: Kylian MBAPPE of PSG celebrates his goal during the Ligue 1 match between Paris Saint-Germain PSG and AS Monaco at Parc des Princes stadium on December 12, 2021 in Paris, France. Paris France – ZUMAm308 20211212_zsp_m308_013 Copyright: xMatthieuxMirvillex

ဘတ်ပီ က “ဒီအချိန်ဟာ ကျွန်တော့်ရဲ့အနာဂတ်အကြောင်းပြောရမယ့် အချိန်မဟုတ်ပါဘူး။ချန်ပီယံလိဂ်မှာ ရီးရယ်လ် ကို အနိုင်ရဖို့အကြောင်းကိုပဲ တွေးထားပါတယ်။ဇန်နဝါရီမှာ ရီးရယ်လ်ကို သွားမှာမဟုတ်ပါဘူး။ပီအက်စ်ဂျီ နဲ့ အခုရာသီကို ရာနှုန်းပြည့်ပြီးအောင်လုပ်မှာပါ”

“ပရိသတ်တွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ‌ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ အရာအားလုံးကို ပေးချင်ပါတယ်။ဒါဟာ သူတို့နဲ့ ထိုက်တန်တယ်လို့ထင်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။ဘတ်ပီ ကတော့ အသင်းနဲ့ စာချုပ်ကျန်ရှိတဲ့ (၆)လခွဲအတွင်းမှာ ဆုဖလားအားလုံးကို ရယူပေးသွားချင်တယ်လို့ ပြောခဲ့ပါတယ်။

ဘတ်ပီ ဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာဖြစ်ပြီး လီဂူးဝမ်းပြိုင်ပွဲမှာ (၉)ဂိုးသွင်းယူကာ (၈)ဂိုးဖန်တီးထားတာလည်းဖြစ်ပါတယ်။