ဒီရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာမယ့်ကစားသမား(၅၃၉)ဦးအထိ ရှိနေ

ဘတ်ပီ၊ပေါ့ဘာနဲ့ ဂါရတ်ဘေးလ် တို့အပါအ၀င် နာမည်ကြီး ကစားသမားအများအပြားဟာ အသင်းတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံး(၆)လထဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဇန်နဝါရီ(၁)ရက်မှာ အခြားအသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးပြီး အကြိုစာချုပ်ချုပ်လို့ရတော့မှာဖြစ်ပါတယ်။

အခုရာသီအကုန်မှာ သူတို့ကို ခေါ်ယူမယ့် အသင်းတွေဟာ ပြောင်းရွှေ့ကြေးမပေးရဘဲ အလွတ်နဲ့ ခေါ်ယူလို့ရမှာဖြစ်တာပါ။ဥရောပထိပ်တန်း(၅)လိဂ်က ကစားသမားပေါင်း(၅၃၉)ဦး ဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီအကုန်မှာ ကုန်ဆုံးကြတော့မှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် တချို့ကလပ်တွေဟာ သူတို့ကစားသမားကို အလွတ်နဲ့ မဆုံးရှုံးရအောင် စာချုပ်သက်တမ်းတိုးဖို့ အသည်းအသန်ကြိုးစားနေသလို ပြောင်းရွှေ့ကြေးရရှိအောင် ဇန်နဝါရီမှာပဲ ရောင်းချဖို့လည်း ရှိနေကြတာပါ။ဂိုးသမားထဲမှာ ဆိုရင် စပါးဂိုးသမား ဟူဂိုလိုရစ်နဲ့ ၀က်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းတို့ ပါ၀င်နေတာဖြစ်ပါတယ်။

နောက်တန်းမှာတော့ ချယ်လ်ဆီး အသင်းက ခရစ်တန်ဆန်၊ရူဒီဂါ၊သီယာဂိုဆေးလ်ဗားနဲ့ အက်စ်ပီလီကွီတာ၊ဘန်လေ အသင်းက တာကိုရော့ဗ်စကီး တို့ဖြစ်ပြီး ကွင်းလယ်မှာဆိုရင် ပေါ့ဘာ၊ကတ်ဆီ၊ကာမာရာ၊၀စ်ဆဲလ်၊မိုဒရစ်နဲ့ ဂါရတ်ဘေးလ် တို့ ဖြစ်ပါတယ်။

ရှေ့တန်းမှာတော့ ဘတ်ပီ၊ဒိုင်ဘားလား၊ဒမ်ဘီလီ၊အင်ဆစ်ဂနီ၊ဘယ်လော့တီ၊လာကာဇတ်တီ၊လင်ဂတ်နဲ့ အိုရီဂီ တို့ ဖြစ်ပါတယ်။ဒါ့အပြင် နာမည်ကြီး ကစားသမားအများအပြားလည်း ရှိနေသေးတာပါ။

အလွတ်နဲ့ ရနိုင်မယ့် ကစားသမားတွေထဲက အကောင်းဆုံး(၁၁)ဦးစာရင်းမှာတော့ ဂိုးသမားအဖြစ် လိုရစ်၊နောက်တန်းမှာ ရူဒီဂါ။သီယာဂိုဆေးလ်ဗားနဲ့ အက်စ်ပီလီကွီတာ၊ကွင်းလယ်မှာ မိုဒရစ်၊ကတ်ဆီ၊ပေါ့ဘာ၊ဘေးလ် တို့ဖြစ်ပြီး ရှေ့တန်းမှာတော့ ဘတ်ပီ၊ဒိုင်ဘားလားနဲ့ အက်ဆစ်ဂနီ တို့ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ ရမယ့် နာမည်ကြီး ကစားသမားတွေကို အသင်းတွေက အပြိုင်အဆိုင်လိုက်ကြတော့မှာဖြစ်ပြီး ဘယ်ကစားသမားတွေက ဘယ်အသင်းရောက်မလဲဆိုတာကို စ်ိတ်၀င်စားဖွယ်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။