ပထမအကျော့မှာတင် ချန်ပီယံအဖြေထွက်သွားခဲ့တဲ့ ဆူဇူကီးဖလားဗိုလ်လုပွဲ

အာဆီယံဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့အဖြစ် ထိုင်းအသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ ဒီနေ့မှာ ကစားခဲ့ရာ ထိုင်း အသင်းက (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲအစ(၂)မိနစ်မှာပဲ အသင်းခေါင်းဆောင် ချာနာသစ် က ထိုင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှား အသင်းဟာ ထိုင်း အသင်းကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့တာဖြစ်ပြီး ထိုင်း အသင်းက ဘောလုံးစိတ်ကြိုက်ကိုင်ကာ တဖသတ်ဖိကစားခဲ့တာပါ။

ပထမပိုင်းမှာတော့ ထိုင်း အသင်းက (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်း ထိုင်းအသင်းကပဲ စိတ်ကြိုက်ဖိကစားခဲ့ပြီး အင်ဒိုနီးရှား အသင်းကတော့ တန်ပြန်တိုက်စစ်တွေ‌လောက်နဲ့ပဲ ထိုးဖောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ထိုင်း အသင်းက ဖိကစားခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုး(၃)ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ဒီဂိုးတွေကို ချာနာသစ်၊ဆူပါချော့ခ်နဲ့ဘော်ဒင်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ထိုင်း အသင်းက ပွဲအပြီးမှာ (၄)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဆူဇူကီးဖလား ဒုတိယအကျော့ ကစားဖို့ ကျန်သေးပေမယ့် ထိုင်း အသင်းဟာ ချန်ပီယံဆုရဖို့ သေချာသလောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။(၂၀၁၈) က ဗီယက်နမ် ကို ‌ပေးလိုက်ရတဲ့ အတွက် ထိုင်းအသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားခဲ့တာပါ။

ဒီ(၂)သင်းရဲ့ဒုတိယအကျော့ပွဲစဉ်ကို (၂၀၂၂) ဇန်နဝါရီ(၁)ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။