ရက်ဂ်နစ် လက်ထက် ပထမဆုံး ၁ဂိုးထက် ပိုသွင်းပြီး ဘန်လေကို အနိုင်ယူခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘန်လေ အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ယာယီနည်းပြ ရက်ဂ်နစ် ဟာ နောက်တန်းမှာ ဝမ်ဘစ်စကာ၊လုပ်ခ်ရှော၊ဘိုင်းလီ တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း ဆန်ချို၊ဂရင်းဝုဒ်၊ရော်နယ်ဒိုနဲ့ ကာဗာနီ တို့ကို ပွဲထွက်ခဲ့တာဖြစ်ပါတယ်။(၂)သင်းလုံးဟာ ပထမပိုင်းမှာ တင် သွင်းဂိုးတွေရယူနိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အတွက် ဂိုးတွေကို တိုမီနေး၊ရော်နယ်ဒို နဲ့ ဘန်လေ နောက်ခံလူ ဘန်မီး က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာဖြစ်ပါတယ်။ဘန်လေ အတွက် ချေပဂိုးကို လန်နွန် က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ပွဲဟာ ပထမပိုင်းကလို မကောင်းခဲ့ပဲ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပွဲကို အနည်းငယ်ထိန်းပြီး တိုက်စစ်ဆင်ခဲ့တာပါ။ဘန်လေ အသင်းကတော့ ချေပဂိုးတွေရဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်ပိုင်းက ထိရောက်မှုမရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းကပဲ (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး (၂၀၂၁) ကို နိုင်ပွဲနဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ယာယီနည်းပြ ရက်ဂ်နစ် လက်ထက်(၅)ပွဲကစားအပြီးမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရှုံးပွဲမရှိသေးတာလည်းဖြစ်ပါတယ်။

အရင်ကစားခဲ့တဲ့ (၄)ပွဲမှာ ရဂိုး(၁)ဂိုးစီပဲ သွင်းယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာတော့ သွင်းဂိုး(၃)ဂိုးအထိ သွင်းယူခဲ့တာပါ။ဒါဟာ မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ဘရက်ဂ်နစ် လက်ထက်မှာ ပထမဆုံး(၁)ဂိုးအထက် သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့်(၆)နေရာကို ရောက်ရှိလာခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဇန်နဝါရီ(၄)ရက်မှာ ဝုလ်ဗ်စ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။