အသက်ကြီးလာလေလေ ဂိုးပိုသွင်းလာလေလေ ဖြစ်နေတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစား သမား ရော်နယ်ဒို ကတော့ ဘန်လေ အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် တဂိုးသွင်းယူပေးခဲ့ပြီး (၂၀၂၁) ကို သွင်းဂိုး၊အနိုင်ရလဒ်တွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ဘန်လေ နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် (၂၀၂၁) ခုနှစ်အတွင်းမှာ နိုင်ငံနဲ့ ကလပ် အသင်းအတွက် (၄၇)ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ အခုနှစ် အတွင်းမှာ (၆၅)ပွဲကစားခဲ့ပြီး (၄၇)ဂိုးသွင်းယူကာ (၇)ဂိုးဖန်တီးနိုင်ခဲ့တာပါ။

အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ (၂၀၁၆)မှာ (၅၅)ဂိုး၊(၂၀၁၇)မှာ (၅၃)ဂိုး၊(၂၀၁၈)မှာ (၄၉)ဂိုးသွင်းယူခဲ့ကာ (၂၀၁၉) မှာတော့ (၃၉)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

(၂၀၂၀) မှာတော့ ရော်နယ်ဒို ဟာ (၄၄)ဂိုးသွင်းယူပြီး အခုနှစ်မှာတော့ (၄၇)ဂိုးအထိ ရှိလာခဲ့တာပါ။အဲ့ဒါကြောင့် ပေါ်တူဂီ အသင်းခေါင်းဆောင် ဟာ အသက်ကြီးလာပေမယ့် ဂိုးသွင်းနှုန်းကျသွားခြင်းမရှိပဲ ပိုတိုးတက်လာတာကို တွေ့ရတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အသက်အရွယ်ကြီးလာတာကြောင့် လုပ်အားနှုန်းကျဆင်းသွားတယ်ဆိုပြီး ဝေဖန်မှုတွေခံနေရပေမယ့် သူကတော့ အလုပ်နဲ့ ပြန်သက်သေပြပြီး သွင်းဂိုးတွေသွင်းယူနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ က မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ အသင်းအတွက် ပွဲပေါင်း(၂၀)ပါဝင်ကစားထားပြီး (၁၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလထဲမှာ အသက်(၃၇)နှစ်ပြည့်တော့မယ့် ရော်နယ်ဒို အနေနဲ့ (၂၀၂၂) မှာရော ဘယ်လို စံချိန်တွေဂိုးတွေသွင်းပြီး နိုင်ငံနဲ့ ကလပ်ကို ကယ်တင်ပေးဦးမလည်းဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။