လူကာကူ ရဲ့ ပြောဆိုမှုကို မကြိုက်ဘူးလို့ ခပ်တင်းတင်းပဲ ပြောချလိုက်တဲ့ တူချယ်လ်

လူကာကူ က သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ မှတ်ချက်ကို ချယ်လ်ဆီးနည်းပြ တူချယ်လ် က မကြိုက်ဘူးလို့ ပြောလိုက်ပါတယ်။လူကာကူ က သူဟာ ချယ်လ်ဆီး အသင်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မပျော်ရွှင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လူကာကူ က အင်တာမီလန် အသင်းကို ပြန်ချင်တဲ့ သူ့ရဲ့ ဆန္ဒကိုပါ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအင်တာဗျုးဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ပြုလုပ်ခဲ့တာပါ။လုကာကူ ဟာ ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာလာပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာ ချယ်လ်ဆီး အတွက် (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြ ကတော့ လူကာကူ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး သူနဲ့ ချယ်လ်ဆီး အသင်းက မကြိုက်ဘူးလို့ ပြောလိုက်ပါတယ်။လီဗာပူးလ် အသင်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူချယ်လ် က “ကျွန်တော် ဒါကို မကြိုက်ပါဘူး။သူဟာ မလိုအပ်တဲ့ ဆူညံသံတွေကို သယ်ဆောင်လာခဲ့ပြီး ဒါဟာ အကူအညီမဖြစ်ပါဘူး”

“အခြားတဖက်မှာ ကျွန်တော်တို့ အဲ့ဒါထက်ပိုပြီး မလုပ်ချင်ပါဘူး။ဒါက ဘယ်လိုလဲဆိုတာ ခင်ဗျားတို့ ကောင်းကောင်းသိပါတယ်။မျဉ်းကြောင်းတွေကို ရှင်းဖို့ က အလွန်လွယ်ကူပါတယ်။ခေါင်းစည်းတွေပြုလုပ်ဖို့ လိုင်းကို အတိုချုံရတာလည်းအလွန်လွယ်ကူပါတယ်။အဲ့ဒါက သိပ်ပြီးမဆိုးဘူးလို့ နောက်ပိုင်းမှ သိလာရပါတယ်။ဒါက သူ့ကိုဆိုလိုတာမဟုတ်ပါဘူး”

“ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒါကို ကျွန်တော်တို့ မကြိုက်ပါဘူး။ဆူညံသံတွေကို မလိုအပ်တဲ့အတွက် ဒါကို ကျွန်တော်မကြိုက်ပါဘူး။အေးဆေးတည်ငြိမ်တဲ့ ပတ်၀န်းကျင်နဲ့ အာရုံစူးစိုက်မှုလိုအပ်ပါတယ်။ဒါက အကူအညီမဖြစ်ပါဘု”လို့ ဆ်ိုခဲ့တာဖြစ်ပါတယ်။

လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီက အင်တာမီလန် အသင်းကနေ ချယ်လ်ဆီး အသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ဒဏ်ရာတွေကြောင့် ပုံစံကောင်းရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ချယ်လ်ဆီး အသင်းအတွက် (၁၈)ပွဲပါ၀င်ကစားထားပြီး (၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။