ရီးရယ်လ် ကစားသမားဟောင်းကို (၁၈)လစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ ဘာကာ

ဂျုဗင်တပ်စ် အသင်းမှာ ကစားနေတဲ့ ရီးရယ်လ် ကစားသမားဟောင်း မိုရာတာ ဟာ ဘာစီိလိုနာ အသင်းကို (၁၈)လစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ ဇန်နဝါရီမှာဖြစ်မှာဖြစ်ပြီး ဂျုဗင်တပ်စ် အသင်းဟာ အဆိုပါ တိုက်စစ်မှူးနေရာကို အစားထိုးဖို့ တိုက်စစ်မှူး အသစ်ရှာဖွေနေတာလည်းဖြစ်ပါတယ်။မိုရာတာ ဟာ (၂၀၂၀) နွေရာသီ ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။

မိုရာတာ ဟာ အသလက်တီကို အသင်းကနေ တရာသီအငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နောက်ထပ်တနှစ်အငှားသက်တမ်းတိုးခွင့်ပါရှိတာဖြစ်ပါတယ်။စပိန်တိုက်စစ်မှူး ဟာ ပြီးခဲ့တဲ့ ရာသီက ဂျုဗင်တပ်စ် အသင်းအတွက် (၄၄)ပွဲပါ၀င်ကစားပြီး ဂိုး(၂၀)သွင်းယူကာ (၁၄)ဂိုးဖန်တီးနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် အငှားကို သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အခုအချိန်မှာတော့ ကစားသမားဟာ အီတလီ ကနေ ဘာစီလိုနာ က်ို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။မိုရာတာ ဟာ ဒီရာသီ ဂျုဗင်တပ်စ် အသင်းမှာ ပွဲကစားခွင့်အနည်းငယ်ဆုံးရှုံးထားပြီး (၂၃)ပွဲကစားထားကာ (၇)ဂိုးသွင်းယူထားတာပါ။

အီတလီ ကလပ်ဟာ အစားထိုးမယ့် တိုက်စစ်မှူး ကို ရှာဖွေနိုင်မယ်ဆိုရင် မိုရာတာကို ဘာစီလိုနာ အသင်းထံ ရောင်းချသွာမှာလည်းဖြစ်ပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အိုင်ကာဒီနဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း တို့ကို ပစ်မှတ်ထားနေတာပါ။

ဘာစီလိုနာ အသင်းဟာ အဓိက တိုက်စစ်မှူး မရှိတဲ့အတွက် တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်စီးတီးကနေ အလွတ်နဲ့ ရောက်ရှိလာတဲ့ အဂွေရို ဟာ ကျန်းမာရေးအခြေအနေကြောင့် ကစားသမားဘ၀ကနေ အနားယူခဲ့ရပါတယ်။

ဘာစီလိုနာ အသင်းဟာ မကြာသေးခင်က တိုက်စစ်ပိုင်းအတွက် ဖာရန်တောရက်စ် ကို ခေါ်ယူထားတာကြောင့် မိုရာတာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် စပိန်အတွဲအဖက်နဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို မောင်းနှင်တော့မှာလည်း ဖြစ်ပါတယ်။