ကာဗာနီရဲ့ စိတ်အားထက်သန်စွာအောင်ပွဲခံမှုကို သဘောကျနေတဲ့ ယူနိုက်တက် ပရိသတ်တွေ

မန်ချက်စတာယူနိုက်တက် အသင်း ပရိသတ်တွေကတော့ ဘန်လေ အသင်းကို အနိုင်ရတဲ့ ပွဲမှာ မက်တိုမီနေး ဂိုးသွင်းယူပြီးနောက် ကာဗာနီ ရဲ့ စိတ်အားထက်သန်စွာ အောင်ပွဲခံမှုကို အလွန်သဘောကျနေတာဖြစ်ပါတယ်။ ကာဗာနီ ဟာ ဘန်လေ ကို အနိုင်ရတဲ့ ပွဲမှာ ရော်နယ်ဒိုနဲ့ အတူ တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့်ရခဲ့တာပါ။

ကာဗာနီ ဟာ နယူးကာဆယ် အသင်းကို သရေကျတဲ့ပွဲမှာ လူစား၀င်ကစားပြီး မန်ချက်စတာယူနိုက်တက် အတွက် ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ကာဗာနီ ဟာ ဘန်လေ နဲ့ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှနဲ့ အသင်းအနိုင်ရဖို့ စိတ်အားထက်သန်မှုတွေကို တွေ့မြင်ခဲ့ရတာပါ။

ကာဗာနီ ဟာ ပြီးခဲ့တဲ့ ရာသီကမှ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်လာပြီး ဒီရာသီမှာ ပွဲကစားခွင့် အနည်းငယ်သာ ရနေပေမယ့် ပါ၀င်ကစားခွင့်ရတဲ့ အချိန်အတိုင်း သူ့ရဲ့ စွမ်းဆောင်မှုကို အသင်း ပရိသတ်တွေ သဘောကျနှစ်သက်နေတာလည်းဖြစ်ပါတယ်။

ကာဗာနီ ဟာ တိုမီနေး မန်ချက်စတာယူနိုက်တက် အသင်းအတွက် အဖွင့်ဂိုးသွင်းယူလိုက်တဲ့ အချိန်မှာ သူဂိုးသွင်းယူလိုက်သလိုမျိုး စိတ်အားထက်သန်စွာနဲ့ လက်ကို ဝှေ့ယမ်းကာ အားရပါးရ အောင်ပွဲခံနေခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီ ရဲ့ စိတ်အားထက်သန်စွာ အောင်ပွဲခံမှုဟာ တွစ်တာပေါ်မှာ ရေပန်းစားသွားခဲ့တာပါ။အပြောင်းအရွှေ့ ချိတ်ဆက်မှုတွေခံနေရတဲ့ ကာဗာနီ ဟာ ဒီပွဲအပြီးမှာ ပရိသတ်တွေကို နှုတ်ဆက်နေတဲ့ အပေါ်မှာ ပရိသတ် အချို့က ဥရုဂွေးတိုက်စစ်မှူး အသင်းက ထွက်သွားမှာကို စိုးရိမ်နေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ဂန္တ၀င် ဂယ်ရီနဗီးလ် က ကာဗာနီ ဟာ အသင်းအတွက် ဦးစားပေးတဲ့ သူဖြစ်ပြီး သူရှိနေရင် အသင်းက ပိုကောင်းတယ်လို့ ပြောခဲ့သလို သူဟာ လူငယ်ကစားသမားတွေကို အကူအညီပေးတဲ့ သူဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အခုရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကာဗာနီ ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဘိုကာဂျုနီယာ အသင်းတို့က စ်ိတ်၀င်စားနေတာဖြစ်ပြီး အသင်း ပရိသတ်တွေကတော့ ကာဗာနီ ကို အသင်းမှာ ဆက်ရှိစေချင်နေတာလည်းဖြစ်ပါတယ်။