အလွတ်နဲ့ ရမယ့် စီးရီးအေရဲ့ အကောင်းဆုံးကစားသမားတဦးကို ချိတ်ဆက်နေတဲ့ လီဗာပူးလ်

လီဗာပူးလ် အသင်းဟာ ဒီရာသီအကုန်မှာ အေစီမီလန် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကတ်ဆီ ကို အလွန်စိတ်၀င်စားဖွယ်ကောင်းတဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ကတ်ဆီ ဟာ စီးရီးအေရဲ့ ထိပ်တန်းကွင်းလယ်လူတွေထဲကတဦးအဖြစ် သတ်မှတ်ခံထားရတာပါ။

အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမားကို ခေါ်ယူချင်တဲ့ စီးရီးအေ ပြင်ပအသင်းတွေဟာ ဒီနေ့ကစပြီး အလွတ်သဘော ဆွေးနွေးမှုတွေပြုလုပ်လို့ ရပြီလည်းဖြစ်ပါတယ်။အသကိ(၂၅)နှစ်အရွယ် ကစားသမား ကို ခေါ်ယူဖို့ ဥရောပအသင်းကြီးအများအပြားက စိတ်၀င်စားနေတာဖြစ်ပါတယ်။

ဒါပေမယ့် အီတလီနိုင်ငံက ANSA ကတော့ ကလောပ့် ဟာ သဘောတူညီမှုရယူနိုင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ပြောခဲ့တာပါ။ကတ်ဆီ ဟာ ဒီရာသီမှာ အေစီမီလန် အသင်းအတွက် (၁၆)ပွဲ ပါ၀င်ကစားထားပြီး (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

သူဟာ လီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်(၂)ပွဲလုံး ပါ၀င်ကစားခဲ့တာလည်းဖြစ်ပါတယ်။အေစီ မီလန် အသင်းဟာ အိုင်ဗရီကို့စ် ကစားသမားကို အသင်းမှာ ဆက်ထိန်းသိမ်းချင်ပေမယ့် အလွတ်နဲ့ ထွက်ခွာနိုင်တယ်ဆိုတာကိုလည်း လက်ခံထားကြတာပါ။

အေစီမီလန် အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ အင်တာမီလန် အသင်းရဲ့နောက်မှာ (၄)မှတ်အကွာနဲ့ ရပ်တည်နေပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုနောက်ဆုံးနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ လီဗာပူးလ် အသင်းဟာ ဒဏ်ရာနဲ့ ကိုဗစ်အခြေအနေတွေကြောင့် ဒီရာသီ ကွင်းလယ်ပိုင်း ပြသနာကို ဖြေရှင်းချင်နေတာ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ သီယာဂို၊ကီတာနဲ့ကာတစ်ဂျုံးစ် တို့ မပါ၀င်နိုင်တဲ့ အချိန်မှာ လူငယ်ကစားသမားဖြစ်တဲ့ တိုင်လာမော်တန် ကို အခွင့်အရေးပေးပြီး အသုံးပြုနေရတာပါ။ကလောပ့် ကတော့ ပရီးမီးယားလိဂ်မှာ လီဗာပူးလ် ကို စိန်ခေါ်ချင်တယ်ဆိုရင် အသင်းရဲ့ အရည်အသွေးကို ပိုမိုကောင်းမွန်ရမယ်ဆိုတာကို နားလည်ထားတာဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ လက်စတာ အသင်းက်ို အရေးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးက မန်စီးတီးနဲ့ (၉)မှတ်ကွာဟ နေပြီး မနက်ဖြန်မှာ ဒုတိယနေရာက ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။