အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက် ချပြလိုက်တဲ့ ဟာလန်းကြောင့် ကြေကွဲရနိုင်တဲ့ EPL ကလပ်တွေ

ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာလန်းက စပိန်မှာ ကစားချင်တဲ့ အကြောင်းကို ပရိသတ်တွေကို ပြောလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဟာလန်းနဲ့ ဒေါ့မွန် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၃)သန်းဟာ အသက်၀င်လာမှာ ဖြစ်တာကြောင့် ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးထင်ကြေးတွေ အမျိုးမျိုးထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဟာလန်းကို ခေါ်ယူဖို့ ခေါ်ယူဖို့ ဥရောပထိပ်သီးအများအပြားက စောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်ရှိ ကစားသမားကို ခေါ်ယူဖို့ ရီးရယ်လ် အသင်းက ပြင်ဆင်နေသလို ဘာစီလိုနာ အသင်းကလည်း ဘဏ္ဍာရေးအခက်အခဲတွေရှိပေမယ့် ဟာလန်းကို ခေါ်ယူဖို့ စိတ်၀င်စားတဲ့ အရိပ်အယောင်တွေကို ပြသထားတာပါ။

ပရိသတ်အချို့ဟာ မာဘယ်လ်လာမှာ အပန်းဖြေ အနားယူနေတဲ့ ဟာလန်းထံ ချဉ်းကပ်ခဲ့ပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တာကို မေးမြန်းခဲ့တယ်လို့ AS သတင်းက ဖော်ပြခဲ့ပါတယ်။ဒီအချိန်မှာ ဟာလန်းကလည်း စပိန်မှာ ကစားမယ်လို့ ပြန်ပြောခဲ့တာဖြစ်ပါတယ်။

ဟာလန်းကို ခေါ်ယုဖို့ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မန်စီးတီး၊မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အပါအ၀င် အသင်းကြီးအချို့ကလည်း ပစ်မှတ်ထားနေကြတာပါ။နော်ဝေ ကစားသမား ဟာ ဂျာမန်ကလပ် ဒေါ့မွန် အသင်းကို ရောက်ပြီးတည်းက ပြသနေတဲ့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် ဥရောပ အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။

ဟာလန်း ဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် (၁၆)ပွဲပါ၀င်ကစားထားပြီး (၁၉)ဂိုးသွင်းယူကာ (၅)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။(၂၀၂၀) ဇန်နဝါရီက ဆဲလ်ဘတ် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာလန်း ဟာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ (၇၅)ပွဲကစားထားပြီး (၇၆)ဂိုးသွင်းယူကာ ဂိုး(၂၀)ဖန်တီးနိုင်ခဲ့တာပါ။

ဒေါ့မွန် အသင်းတိုက်စစ်မှူး ရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ကတော့ သူ့ရဲ့ ကစားသမားဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်၊ရီးရယ်လ်၊မန်စီးတီးနဲ့ ဘာစီလိုနာ အသင်းတွေကို ပြောင်းရွှေ့နိုင်တယ်လို့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။