မက်ဆီ ကိုဗစ်ကူးစက်ခံရတာကို အောင်ပွဲခံနေတဲ့ ပုံနဲ့ ဖော်ပြခဲ့တဲ့ ဘာကာဖန်ပေ့ခ်ျ

ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး မက်ဆီ ဟာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ ပြင်သစ်ကလပ်က အတည်ပြုလိုက်ပါတယ်။ဗန်နက်စ် အသင်းနဲ့ ကစားရမယ့် ပြင်သစ်ဖလားပွဲစဉ်မတိုင်ခင် ဆေးစစ်ခဲ့ရာမှာ မက်ဆီ ကိုဗစ်ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ အတူ ပီအက်စ်ဂျီ အသင်းဖော်တွေဖြစ်တဲ့ ဘားနတ်၊ရီက်ိုနဲ့ နသန်တို့ လည်း ကိုဗစ်ကူးစက်ခံထားရတာဖြစ်ပါတယ်။အဲ့ဒါကြောင့် အဆိုပါကစားသမား(၄)ဦးဟာ ဗန်နက်စ်နဲ့ ကစားမယ့် ပင်သစ်ဖလားပွဲစဉ်ကို လွဲချော်တော့မှာပါ။

ပီအက်စ်ဂျီ အသင်းကတော့ မက်ဆီ အပါအ၀င် ကစားသမား(၄)ဦးဟာ ကိုဗစ်ကူးစက်ခံနေရတယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး သူတို့တွေဟာ သီးခြားနေထိုင်နေကြသလို ကျန်းမာရေး ပရိုတိုကောလ် ကိုလည်း လိုက်နုာနေကြတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဘာကာဖန်ပေ့ခ်ျ တခုဖြစ်တဲ့ Viva Barca ဆိုတဲ့ ပေ့ခ်ျကလည်း မက်ဆီ ကိုဗစ်ကူးစက်ခံနေရတယ်ဆိုပြီး ပုံတင်ခဲ့ရာမှာ စိတ်ပျက်နေတဲ့ပုံမဟုတ်ပဲ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံနေတဲ့ပုံကို တင်ထားခဲ့တာပါ။

မက်ဆီ အနေနဲ့ ကိုဗစ်ကူးစက်မှုကြောင့် (၁၀)ရက်ကြာ အနားယူရဖွယ်ရှိနေပြီး အသင်းရဲ့ ပွဲစဉ်(၃)ပွဲခန့်ကို လွဲချော်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာတဲ့ မက်ဆီ အတွက်တော့ ပထမဆုံးအကြိမ်ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်အဖြစ် အာဂျင်တီးနားကို ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို က လိုင်ယွန်နဲ့ ပွဲမှာ မက်ဆီ ပြန်လည်ပါ၀င်နိုင်မလားဆိုတာ မသေချာဘူးလို့ ပြောထားခဲ့ပါတယ်။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းအတွက် (၁၆)ပွဲပါ၀င်ကစားထားပြီး (၆)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။