လူကာကူ ကို ချန်လှပ်ခဲ့တဲ့ တူချယ်လ် ရဲ့ဆုံးဖြတ်ချက်က်ို ဝေဖန်လိုက်တဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း

အာဆင်နယ် အသင်းတိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် ကတော့ လီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူကာကူကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ နည်းပြ တူချယ်လ် ကို ဝေဖန်လိုက်ပါတယ်။

လူကာကူ ဟာ ချယ်လ်ဆီး အသင်းမှာ မပျော်ရွှင်ဘူးဆိုတာ အပါအ၀င် ဖြေကြားခဲ့တဲ့ အင်တာဗျုးတွေနဲ့ ပတ်သက်ပြီး နည်းပြ တူချယ်လ် က ဒေါသထွက်နေခဲ့တာပါ။လူကာကူ က “ရုပ်ပိုင်းဆိုင်ရာမှာတော့ အဆင်ပြေပါတယ်။ဒါပေမယ့် ချယ်လ်ဆီးမှာ ရှိနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မပျော်ရွှင်ပါဘူး။တူချယ်လ် က အခြားစနစ်တခုကို ကစားဖို့ ရွေးချယ်ခဲ့ပါတယ်။ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် ဖြစ်တဲ့အတွက် အရှုံးပေးသွားမှာမဟုတ်ဘူးလို”ပြောခဲ့တာပါ။

လူကာကူ ဟာ ဒီလိုပြောဆိုခဲ့တာတွေကြောင့် လီဗာပူးလ် နဲ့ ပွဲကြီးပွဲကောင်းမှာတောင် ချယ်လ်ဆီး အသင်းနည်းပြ က အသုံးမပြုခဲ့တာဖြစ်ပါတယ်။အာဆင်နယ် တိုက်စစ်မှူးဟောင်း ကတော့ တူချယ်လ် အနေနဲ့ လူကာကူ ကို ချန်လှပ်ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကီဗင်ကမ်းဘဲလ် က “တူချယ်လ် အနေနဲ့ သူ့ရဲ့ပါဝါကို ပြသရမယ်ဆိုတာကို နားလည်ပါတယ်။ခင်ဗျား အနေနဲ့ အနိုင်ရဖို့အတွက် လက်နက်တွေ အကုန်လိုပါတယ်။ထိပ်ဆုံးက မန်စီးတီးကို ကြည့်လိုက်မယ်ဆိုရင် (၁၁)မှတ် လောက်အထိ ကွာဟနေတာပါ”

“ဒါက ခင်ဗျားရဲ့ အိမ်ကွင်းမှာ အနိုင်ကစားရမယ့် အဓ်ိက ပြိုင်ဘက်ဖြစ်ပြီး ခင်ဗျားရဲ့ တိုက်စစ်မှူးကို ချန်ထားခဲ့တာ ဖြစ်နိုင်ပါတယ်။ဒါက မမှန်ပါဘူး။ခင်ဗျားသူ့ကို ကစားခိုင်းရမှာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီကမှ အင်တာမီလန် ကနေ ရောက်ရှိလာတဲ့ လူကာကူ ဟာ စီးရီးအေ ကလပ်အသင်းထံ ပြန်သွားချင်တယ်လို့ လည်း ပြောထားပါတယ်။

ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် ကတော့ ဒီနေ့မှာ လူကာကူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ အတည်ပြုထားပြီး ကစားသမားအနေနဲ့ အသင်းအတွက် ပြန်လည်ကစားရဖွယ်ရှိတယ်လို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။

လူကာကူ ဟာ ချယ်လ်ဆီး အသင်းကို ရောက်ရောက်ချင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာအခြေအနေတွေကြောင့် ပွဲကစားခွင့်ပြန်လည်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။လူကာကူ ဟာ ချယ်လ်ဆီး အသင်းအတွက် (၁၈)ပွဲကစားထားပြီး (၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။