ပခုံးလေးတချက်တွန့်ပြီး ဖိန့်သွားတဲ့ ဆာလာကြောင့် မွေးရပ်မြေကို ပြန်ရောက်သွားတဲ့ အလွန်ဆို

လီဗာပူး တိုက်စစ်ကစားသမား ဆာလာဟာ မနေ့ညက ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးတဂိုးကို လှလှပပသွင်းယူခဲ့ပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် (၂၅) မိနစ်မှာ နောက်ခံလူ အာနိုးလ် မ တင်ပေးလိုက်တဲ့ ဘောလုံးကို ဆာလာက ဧရိယာထဲ ဆွဲဝင်ပြေးခဲ့ပါတယ်။

ဒီအနေအထားမှာ အလွန်ဆိုက ဆာလာကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ဆာလာရဲ့ ဖိန့်တချက်က အလွန်ဆိုကို ရူးသွပ်စေခဲ့ပြီး လွယ်လွယ်ကူကူနဲ့ပဲ ဆာလာက ကျော်ဖြတ်သွားခဲ့တာပါ။

အဲ့ဒီနောက် ဆာလာက မန်ဒီနဲ့ ထောင့်ကျဥ်းအနေအထား ထိပ်တိုက်တွေ့ခဲ့ပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ပဲ အဆုံးသတ်ပြီး လီဗာပူးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆာလာရဲ့ ဒီသွင်းဂိုးကိုတော့ ပရီးမီးယားလိဂ်ပရိသတ်တွေက နှစ်ထောင်းအားရနဲ့ ချီးကျူးနေကြပြီး ပရီးမီးယားလိဂ်ရဲ့ ခေတ်သစ်ရှီးယားအဖြစ် ချီးကျူးနေကြပါတယ်။

ဆာလာဟာ ဒီရာသီ ပြိုင်ပွဲစုံ (၂၅) ပွဲကစားပြီးချိန်မှာ (၂၂) ဂိုးသွင်းယူပေးထားပြီး လက်ရှိအချိန်မှာတော့ အီဂျစ်နဲ့အတူ အာဖရိကဖလား ကစားဖို့ ထွက်ခွာတော့မှာပါ။

လီဗာပူးအနေနဲ့ ဒီပွဲမှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကိုဗာဆစ်၊ ပူလီဆစ်တို့ရဲ့ ချေပဂိုးတွေကြောင့် အဝေးကွင်းမှာ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပြီး ဒီနှစ်သင်းရဲ့ သရေပွဲက ဇယားထိပ်ဆုံးက မန်စီးတီးအတွက် ဝမ်းသာပီတိ ဂွမ်းဆီထိဖြစ်ခဲ့ရပါတယ်။