ပြိုင်ဘက်တွေထက် ခေါင်းသုံးလုံးလောက်သာသွားမယ့်အရာကြီးကို ဝယ်ချလိုက်ပြန်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ကျန်းမာရေးတို့အတွက် Oxygen Chamber တလုံးကို ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

ဒီအထဲမှာဆိုရင် ရော်နယ်ဒိုအနေနဲ့ လုံးဝကို ရာနှုန်းပြည့် သန့်ရှင်းတဲ့လေကို ရှူနိုင်မှာဖြစ်ပြီး ဒီလေတွေက သွေးတွင်းပလာစမာထဲကို တိုက်ရိုက်ရောက်ရှိမှာပါ။

ဒါ့အပြင် ဒီစက်က ခန္ဓာကိုယ်တွင်း ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ပေးနိုင်တယ်လို့ဆိုပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းကလည်း ကြံ့ခိုင်မှုအတွက် အရေးပါတဲ့ Ice Chamber တလုံးကို အီတလီနိုင်ငံ၊ တူရင်မြို့ကနေ မန်ချက်စတာမြို့အထိ အရပြန်လည်သယ်ယူခဲ့ပြီး ဒီအရာကလည်း ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုအတွက် အရေးပါတဲ့ အရာတခုပါ။

သတင်းရင်းမြစ်တဦးက “ရော်နယ်ဒိုက သူ့ရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းမှု အရူးအမူးကြိုးစားလေ့ရှိပြီး သူတတ်နိုင်သလောက် အကောင်းဆုံးပုံစံမှာရှိနေဖို့ ရည်ရွယ်ထားတာပါ”

“သူအရင်ကလည်း Oxygen Chamber တွေကို အသုံးပြုလေ့ရှိပေမယ့် ဗြိတိန်မှာတော့ ဒါတွေက လွယ်လွယ်ရှာမရပါဘူး”

“အဲ့ဒါကြောင့် သူက အသစ်တလုံးဝယ်ပြီး သူ့အိမ်မှာပဲ ဆင်ထားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီစက်ကနေ အများကြီး အကျိုးကျေးဇူးရရှိနိုင်ပြီး သူ ဒဏ်ရာတွေ ကင်းစင်နေရတဲ့အကြောင်းရင်းကလည်း ဒီလိုမျိုး ဂရုစိုက်လို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့အိမ်မှာ Hyperbaric Oxygen Therapy (HBOT) ဆိုတဲ့ စက်တလုံးလည်းရှိပြီး ဒီစက်ကိုတော့ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ အတူ မျှဝေသုံးစွဲလေ့ရှိပါတယ်။