ပင်နယ်တီတလုံးကန်သွင်းဖို့ ၃၈စက္ကန့်ကြာပြေးပြခဲ့တဲ့ ဘောလုံးသမားတဦး

နေမာနဲ့ ပေါ့ဘာ တို့ဟာ ပင်နယ်တီကန်သွင်းဖို့ အချိန်အကြာကြီးယူပြီး ပြေးပြခဲ့တယ်လို့ နာမည်ကြီးခဲ့ပေမယ့် အာရှမှာ သူတို့ထက် အချိန်ပိုကြာအောင်ပြေးပြပြီး ပင်နယ်တီကန်သွင်းတဲ့သူ ရှိလာခဲ့တာဖြစ်ပါတယ်။အဆိုပါ ကစားသမားကတော့ ပင်နယ်တီတလုံးတည်းကန်သွင်းဖို့ (၃၈)စက္ကန့်ကြာအောင် ပြေးပြခဲ့တာဖြစ်ပါတယ်။

ဒါဟာ နေမာနဲ့ ပေါ့ဘာ တို့ကို အရှက်တကွဲဖြစ်စေခဲ့တယ်လို့ သတင်းမှာ ဆိုထားတာပါ။အဆိုပါ ကစားသမား ဟာ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းဖို့ (၁၂)ကိုက်စည်းထဲကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။အဆိုပါ ကစားသမားဟာ ပင်နယ်တီကန်မယ့် အမှတ်အသားမှာ ဘောလုံးကို တည်ထားခဲ့တာပါ။

အဲ့ဒီနောက်မှာ ကစားသမားဟာ အနောက်ကို ဆုတ်သွားခဲ့ပြီး ဂိုးသမားရဲ့ အခြေအနေကို ကြည့်နေခဲ့ တာဖြစ်ပါတယ်။ကစားသမား ပင်နယ်တီကန်ဖို့ နှေးကွေးစွာပြေးလာခဲ့ပြီး ဂျော်ဂျင်ဟို လိုပါ ခုန်ခဲ့ကာ အမှတ်မထင် ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဂိုးသမားဟာ နေရာလွဲမှားစွာ ဖမ်းခဲ့တဲ့အတွက် အဆိုပါ ကစားသမားရဲ့ ကန်သွင်းချက်ဟာ ဂိုး၀င်သွားခဲ့တာပါ။အဆိုပါဗီဒိယို ဟာ လှုမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး (၂၄)နာရီ မပြည့်သေးခင်မှာပဲ တွစ်တာမှာ ကြည့်ရှုသူ (၁)သန်းကျော်ရှိသွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒီလိုပင်နယ်တီကန်ဖို့ အချိန်အကြာကြီးယူတဲ့ အပေါ်မှာ မကျေနပ်ကြတာလည်း ဖြစ်ပါတယ်။ပရိသတ်တဦးက ဒိုင်လူကြီး အနေနဲ့ သူ့ကို အရေးယူသင့်တယ်လို့ ရေးသားခဲ့ပါတယ်။အခြားသူ တွေကတော့ ဒီဗီယိုဟာ အရှိန်လျော့သွားတယ်ဆိုပြီး တွေးထင်နေကြတာပါ။

ပရိသတ်တဦးက” ငါရဲ့ဖုန်းအေးသွားပြီဆိုပြီး” ရယ်မောစရာမှတ်ချက်တခုကိ်ု ရေးသားခဲ့ပါတယ်။နောက်ထပ် တဦးကလည်း “ကျွန်တော် အိပ်ပျော်သွားတယ် ပင်နယ်တီကန်ပြီးပြီလား”ဆိုပြီး ရေးသားခဲ့ကြတာဖြစ်ပါတယ်။