ပရိသတ်အချစ်တော်ကစားသမားတွေကို အလဲအလှယ်လုပ်ချင်နေတဲ့ ယူနိုက်တက်နဲ့ ဘာကာ

မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာ အသင်းတို့ ဟာ မာရှယ်နဲ့ ဒမ်ဘီလီ တို့ကို အလဲအလှယ်ပြုလုပ်ချင်ဖ်ို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။သူတိ်ု့(၂)ဦးလုံးဟာ အသင်းတွေကနေ ထွက်ခွာဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် သူတို့(၂)ဦးဟာ အလဲအလှယ်ပြုလုပ်ဖို့ အစိတ်အပိုင်းဖြစ်လာနိုင်တာပါ။ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီနဲ့ မာရှယ် ကို အလဲအလှယ်ပြုလုပ်နိုင်ချေကို ရှာဖွေနေတာလို့ Diario ARA သတင်းက ဖော်ပြထားပါတယ်။မာရှယ် ကလည်း မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ဆုံးဖြတ်ထားတာပါ။

အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက်ကလည်း ဒီအလဲအလှယ်ပြုလုပ်မယ့် အစီအစဉ်ကို စိတ်၀င်စားနေတာဖြစ်ပါတယ်။ဒမ်ဘီလီ နဲ့ ဘာစီလိုနာ တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် စာချုပ်သစ်အတွက် သဘောတူညီမှုမရသေးတာပါ။

ဒမ်ဘီလီ ကတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးချင်ပေမယ့် ကတ်တလန်ကလပ် ကတော့ သူ့ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးဖို့ ဆန္ဒမရှိတာလည်းဖြစ်ပါတယ်။မာရှယ် ကို ခေါ်ယူဖို့ စပိန်ကလပ် ဆီဗီလာ အသင်းက ပစ်မှတ်ထားနေတာပါ။

ဒါပေမယ့် ဆီဗီလာ အသင်းကတော့ အငှားစာချုပ်နဲ့ကမ်းလှမ်းမှုပြုလုပ်ထားတာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက ပယ်ချထားတာဖြစ်ပါတယ်။မာရှယ် ဟာ ဒီရာသီမှာ အသင်းအတွက် ပွဲအနည်းငယ်သာ ပါ၀င်ကစားရလို့ စ်ိတ်ပျက်နေပြီး ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို ဒေါ့မွန် အသင်းကနေ ရောက်ပြီးတည်းက ဒဏ်ရာအခြေအနေတွေကြောင့် မကြာခဏ အနားယူနေခဲ့ရတဲ့ ဒမ်ဘီလီ ဟာ ဒီရာသီမှာလည်း စပိန်ကလပ်အတွက် (၈)ပွဲသာပါ၀င်ကစားရသေးတာပါ။ ဘာစီလိုနာ အနေနဲ့ ဒမ်ဘီလီ ကို အခုအပြောင်းအရွှေ့မှာ မရောင်းဘူးဆိုရင် နွေရယသီမှာအလွတ်နဲ့ လက်လွှတ်ရတော့မှာပါ။

ဒမ်ဘီလီ ကို ခေါ်ယူဖို့ အတွက် ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေကြေးအများအပြားအသုံးပြုဖွယ်ရှိတဲ့ နယူးကာဆယ် အသင်းက ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။