၀ုလ်ဗ်စ် ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်၀င်ခွင့်တောင် အာမခံချက်မပေးနိုင်ဘူးဖြစ်နေတဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်း ယာယီနည်းပြ ရက်ဂ်နစ် က ဝုလ်ဗစ် အသင်းကို အရေးနိမ့်ပြီးနောပ် ထိပ်ဆုံး(၄)သင်း၀င်ခွင့် ကိုတောင် အာမခံချက်မပေးနိုင်ဘူးလို့ ပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဝုလ်ဗ်စ် အသင်းကို မော်တင်ဟိုရဲ့ သွင်းဂိုးကြောင့် (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီရှုံးပွဲဟာ ရက်ဂ်နစ်ရဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဘ၀ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ဒါ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဝုလ်ဗ်စ် အသင်းကို (၁၉၈၀) နောက်ပိုင်း ပထမဆုံးအကြိမ် အိုးထရက်ဖိုဒ့် ကွင်းမှုာ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်

ရက်ဂ်နစ် က “ကျွန်တော် ဘယ်လိုအာမခံချက်မှ မပေးနိုင်ပါဘူး။ဒီနေ့စွမ်းဆောင်ရည်ကို ခင်ဗျားတို့ကြည့်လိုက်ပါ။ကျွန်တော်တို့ ထိပ်ဆုံး(၄)သင်းထဲ၀င်ဖို့ (၁၀၀)ရာခိုင်နှုန်း ယုံကြည်တယ်လို့ ပြောရင်တောင် လူတွေက ဒါကို ယုံကြည်ကြတော့မှာမဟုတ်ပါဘူး”

“ဒါဟာ ခက်ခဲမယ်ဆိုတာကို ကျွန်တော် သိပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ သွားရမယ့် ခရီးက အဝေးကြီးကျန်သေးတယ်ဆိုတာကို ပြသခဲ့တာပါပဲ။ကျွန်တော်တို့ တဦးချင်းအနေနဲ့ရော အသင်းအဖွဲ့ အနေနဲ့ရော ကောင်းမွန်စွာ ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ပေးလိုက်ရတဲ့ဂိုးမှာ ဂိုးဧရိယာအတွင်း ကစားသမားတွေ အလုံအလောက်ရှိနေခဲ့ပါတယ်”

Soccer Football – Premier League – Manchester United v Wolverhampton Wanderers – Old Trafford, Manchester, Britain – January 3, 2022 Manchester United interim manager Ralf Rangnick after the match REUTERS/Phil Noble

“ ကျွန်တော်တို့ ရလဒ်နဲ့ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေအတွက် အလွန်စိတ်ပျက်မိပါတယ်။ဝုလ်ဗ်စ် ဟာ ကျွန်တော်တို့ ကစားခဲ့တဲ့ အသင်းတွေထဲမှာ အကောင်းဆုံးအသင်းပါ။ကျွန်တော်တို့ဟာ အခြားပွဲတွေထက် ဒီပွဲမှာ ပြဿနာတွေပိုများခဲ့ပါတယ်”

“ဒီပွဲမှာတော့ သူတို့ဟာ ကျွန်တော်တို့ ထက် ပိုကောင်းမွန်တယ်ဆိုတာကို ၀န်ခံရပါမယ်”လို့ ပြောခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့်(၄)နေရာက အာဆင်နယ် အသင်းနဲ့ (၄)မှတ်အကွာ အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုလ(၁၁)ရက်မှာတော့ အက်ဖ်အေဖလားပွဲစဉ်အဖြစ် အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။