အလွန်ကောင်းမွန်တဲ့ ကစားသမား(၂)ဦးနဲ့ တွဲကစားရတာ ကံကောင်းတယ်လို့ ပြောခဲ့တဲ့ ဘတ်ပီ

ဘတ်ပီ ကတော့ ကလပ်အသင်းအတွက်ပြိုင်ပွဲစံ သွင်းဂိုး(၁၅၀)ပြည့်တဲ့ တတိယမြောက် ပီအက်စ်ဂျီ အသင်း ကစားသမားဖြစ်လာခဲ့ပါတယ်။ဘတ်ပီ ဟာ ဗန်နက်စ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလား ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းအတွက် ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

(၂၀၁၈) က မိုနာကို ကနေ ရောက်ရှိလာတဲ့ ဘတ်ပီ ဟာ ပီအက်စ်ဂျီ ကစားသမားဘ၀ (၃)နှစ်ခွဲအတွင်းမှာ သွင်းဂိုး(၁၅၀)ပြည့်သွားခဲ့တာပါ။ပီအက်စ်ဂျီ အသင်း သမိုင်းတလျှောက်မှာ ဘတ်ပီ ထက် သွင်းဂိုးများတဲ့ ကစားသမားတွေအဖြစ် ကာဗာနီ သွင်းဂိုး(၂၀၀)နဲ့ အီဘရာဟီမိုဗစ် (၁၅၆)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

ဘတ်ပီ က “ဒါဟာ ဂုဏ်ယူစရာကောင်းပါတယ်။င်္ဒီလိုကြီးကျယ်ခမ်းနားတဲ့ အသင်းကြီးအတွက် ဂိုးတွေအများကြီး သွင်းနိုင်တာက အမြဲတမ်းကောင်းပါတယ်။အလွန်ကောင်းမွန်တဲ့ ကစားသမား (၂)ဦးနဲ့ တွဲကစားရတာက အလွန်ကံကောင်းပါတယ်”

“အီဘရာဟီမိုဗစ် နဲ့ ကွာဟချက်က မဝေးတော့ဘူးဆိုတာသိပါတယ်။ဒါပေမယ့် အရေးကြီးဆုံးအရာ ကျွန်တော်တ်ို့ ဒါကို ကျော်ဖြတ်ပြီး လာမယ့်ပွဲတွေအတွက် ကောင်းမွန်စွာပြင်ဆင်နိုင်ဖို့ပါပဲ။ဖလားပွဲက အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုရင် ရှုံးရင် ပြိုင်ပွဲကနေ ထွက်ရမှာပါ”

“အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ ပွဲစကနေ အဆုံးအထိ အာရုံစိုက်ထားပါတယ်။သူတို့နဲ့အတူ ကိုယ့်ကိုကိုယ်ပါ လေးစားကြောင်းပြသဖို့အတွက် လုံလောက်တဲ့ ပြင်းပြမှုတွေနဲ့အတူ ကစားဖို့ အမြဲတမ်းကြိုးစားခဲ့ပါတယ်။(၄)ဂိုး -ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို ပေးဂိုးမရှိအောင်လည်းကစားနိုင်ခဲ့ပါတယ်”

“အခု ကျွန်တော်တို့ နောက်တဆင့်ကို တက်ခဲ့ပါပြီ။အဲ့ဒါကြောင့် လိဂ်ပြိုင်ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်သွားရမှာဖြစ်တယ်လို့”ပြောခဲ့တာဖြစ်ပါတယ်။ဘတ်ပီ ကတော့ အခုရာသီအကုန်မှာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

ပြင်သစ်ကစားသမားဟာ ရာသီအကုန်မှာ ပြင်သစ်ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်ပြီး ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ များနေတာလည်းဖြစ်ပါတယ်။